သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တာချီလိတ်မှ မိုင်းယောင်းသို့ ဘုရားဖူးထွက်လာသည့်အိမ်စီးကား တိမ်းမှောက်ပြီး (၃) ဦးသေဆုံး (၁) ဦးစိုးရိမ်ဒဏ်ရာရရှိထား

တာချီလိတ်မှ မိုင်းယောင်းသို့ ဘုရားဖူးထွက်လာသည့်အိမ်စီးကား တိမ်းမှောက်ပြီး (၃) ဦးသေဆုံး (၁) ဦးစိုးရိမ်ဒဏ်ရာရရှိထား

Hsan Loi Editor
24/04/2023
Share:

 

သျှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ် နမ့်နန်းကျေးရွာအကျော်၌ ယနေ့ (၂၄.၄.၂၀၂၃) ရက်နေ့ နံနက် (၇း၃၀) ဝန်းကျင်ခန့်တွင် တာချီလိတ်မှ မိုင်းယောင်းသို့ ဘုရားဖူးထွက်လာသည့် အိမ်စီးကား VIGO တစ်စီး မတော်တဆတိမ်းမှောက်ပြီး ချောက်ထဲကျသွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါမတော်တဆမှုကြောင့် ယာဉ်ပေါ်ပါသူ (၆) ဦးအနက် (၃) ဦးသေဆုံးပြီး (၁) ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။

“ နံနက် (၇း၃၀) လောက်ကျနော်တို့ကို ဖုန်းဆက်ပြီး အကြောင်းကြားလာပါတယ်။ အဲ့မှာကျနော်တို့ (၈း၃၀) လောက်ရောက်တော့ တချို့အဖွဲ့တွေတော့ ရောက်နှင့်နေပြီ။ အရေးပေါ်ဖြစ်တဲ့သူတွေကိုတော့ ဆေးရုံခေါ်သွားနေပြီ။ ဆေးရုံမှာပဲ အမျိုးသမီး (၃) ယောက်ဆုံးသွားတယ်။ ကားပေါ်မှာ (၆) ယောက်ပါတယ် အမျိုးသားကတော့တစ်ယောက်ပဲပါတယ်။ အမျိုးသမီးနောက်တစ်ယောက်လည်း စိုးရိမ်ရတဲ့အနေအထားပဲ။ အကုန်လုံးက လူကြီးပိုင်းတွေ အသက် (၅၀) ကျော်ဝန်းကျင်တွေပဲ။ အကုန်လုံးသျှမ်းလူမျိုးတွေ တာချီလိတ်ကနေ မိုင်းယောင်းကိုဘုရားဖူးသွားရင်းဖြစ်တာ။ မိုးကလည်းနည်းနည်းရွာထားတယ် ကားကလည်းအရှိန်နည်းနည်းပြင်းမယ်ထင်တယ် အကွေ့မှာအရှိန်မထိန်းနိုင်ဘဲ ချောက်ထဲကျသွားတာ။” ဟု မိုင်းဖြတ်မြို့နယ် လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးကပြောပြသည်။

စိုးရိမ်ရသည့် ဒဏ်ရာရရှိသော အမျိုးသမီးတစ်ဦးကိုလည်း ထိုင်းနိုင်ငံသို့ သွားရောက်ကုသမှုခံယူနေပြီဟု သိရသည်။