သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တာချီလိတ်မှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး ခြေထောက်နှင့်ပေါင်ထိခိုက်ပြဲရှ ဒဏ်ရာရ

တာချီလိတ်မှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး ခြေထောက်နှင့်ပေါင်ထိခိုက်ပြဲရှ ဒဏ်ရာရ

Hsan Loi Editor
09/11/2024
Share:

 

သျှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ် မြို့နယ်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဆန်ဆိုင်း(၅)လမ်း ကြားတွင် ယမန်နေ့ နိုဝင်ဘာလ(၈)ရက်နေ့ ည(၁၁း၃၀)နာရီခန့်အချိန်က အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရကြောင်း သိရှိရသည်။

 

ဆန်ဆိုင်း(ခ) ၅ လမ်းသွယ်ထဲတွင် အမျိုးသားတစ်ဦး သွေးထွက်ဒဏ်ရာများဖြင့် အော်နေပါသဖြင့် အရေးပေါ် အကူအညီတောင်းခံပြီး မြို့တွင်းကူညီရေးအဖွဲ့များ သွားရောက်ကာ ခြေနှင့်ပေါင်ထိခိုက်ပြဲရှဒဏ်ရာ အမျိုးသားတစ်ဦးအား ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားရာနေရာသို့ တာဝန်ရှိသူများက လာရောက်စစ်ဆေးလျက်ရှိကာ မည်သည့် အဖွဲ့အစည်းမှ ပစ်ခတ်သွားသည်ကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

 

တာချီလိတ်မြို့သည် နယ်စပ်မြို့ဖြစ်တာနဲ့အညီ လူပေါင်းစုံ လာရောက်လုပ်ကိုင်စားသောက်ကြပြီး အဖွဲ့အစည်းပေါင်းစုံရှိကာ မကြာခဏ ဆိုသလို ပြန်ပေးဆွဲမှု၊ လုယက်မှုနှင့် ပစ်ခတ်မှုတွေရှိကြောင်း သိရသည်။