တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု၊ ဟိုခိုကျေးရွာမှာ နိုဝင်ဘာလ (၁၄)ရက် ညနေပိုင်းက (၈)ခန်းတွဲ(၂)ထပ် ဆိုင်ခန်းငှါးအဆောက်အဦးတစ်ခုမှာ ဘုရားမီးကို ဖယောင်းတိုင်မီးနဲ့ ပူဇော်ရာက ဘုရားစင်ကတစ်ဆင့်မီးကူးစက်ခဲ့ပြီး RC သံကူကွန်ကရစ် (၂)ထပ် မီးလောင်မှု ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ် ။
မီးလောင်ကျွမ်းချိန်တစ်နာရီပါးကြာမြှင့်ခဲ့ပြီးတာချီလိတ် မြို့နယ် မီးသတ်ကား(၃)စီး နဲ့ မီး ငြိမ်းသတ်ခဲ့တယ်လို့ သိရပါတယ် ။
မီးလောင်မှုကြောင့် လူထိခိုက်မှုမရှိပေမယ့် ပစ္စည်း ဆုံးရှုံးမှုတန်ဖိုး (၅၅၁၂၅၀ဝိ/)ကျပ်ခန့် ရှိပြီး ပေါ့ဆမီးလောင်မှုကြောင့် မီးလောင်စေသူကို တာချီလိတ်မြို့ဟောင်လိတ်နယ်မြေရဲစခန်းက (ပ-၁၆၉/၂၀၂၄) ပုဒ်မ ၂၈၅ နဲ့အမှုဖွင့်အရေးယူထားတယ်လို့ဒေသတွင်းသတင်းတွေကဖော်ပြထားပါတယ် ။

Photo- credit original uploader