တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တာချီလိတ်မြို့ရှိ KTV (၆) ခုအား ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီမှ ဝင်ရောက်စစ်ဆေးပြီး KTV (၅) ဆိုင်အား ယာယီပိတ်ခိုင်းထားဟုဆို

တာချီလိတ်မြို့ရှိ KTV (၆) ခုအား ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီမှ ဝင်ရောက်စစ်ဆေးပြီး KTV (၅) ဆိုင်အား ယာယီပိတ်ခိုင်းထားဟုဆို

Hsan Loi Editor
07/07/2023
Share:

 

သျှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မြန်မာ-ထိုင်း နယ်စပ်တစ်လျောက် ညပိုင်းဖွင့်လှစ်သော နာမည်ကြီး KTV (၆) ဆိုင်အား ယမန်နေ့ နေလည်ခန့်က ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီမှ ဝင်ရောက်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

စစ်ဆေးခြင်းခံရသော KTV ဆိုင်များသည် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ ရွှေဘူးသီး KTV၊ ကြီးမြတ်သောရွှေမြင်း PUB၊ ကိုးထပ် KTV၊ DAT Bar & KTV၊ 1G1 KTV နှင့် Harry Potter KTV တို့ဖြစ်သည်။ ထို့အထဲတွင် ဘူးသီး KTV၊ ကြီးမြတ်သောရွှေမြင်း PUB၊ ကိုးထပ် KTV၊ DAT Bar & KTV နှင့် Harry Potter KTV စသည့် KTV (၅) ဆိုင်အား စည်းကမ်းချက်များကို လိုက်နာခြင်းမရှိသောကြောင့်ဟုဆိုကာ ယာယီပိတ်ခိုင်းထားကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်းရှိ KTV နှင့် ဘားများကို ဆက်လက်စစ်ဆေးမှုများ ဆောင်ရွက်မည်ဖြစ်သလို တစ်နိုင်ငံလုံးရှိ KTV နှင့် ဘားများကိုလည်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။