အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန်

တာချီလိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာဟိုတယ်မှာ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် နိုင်ငံခြားသား ၄၀၀ နီးပါးခန့် ဆက်စပ်ပစ္စည်းနဲ့အတူ ဖမ်းဆီးရမိ

တာချီလိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာဟိုတယ်မှာ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် နိုင်ငံခြားသား ၄၀၀ နီးပါးခန့် ဆက်စပ်ပစ္စည်းနဲ့အတူ ဖမ်းဆီးရမိ

Hsan Loi Editor
04/03/2026
Share:
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မယ်ခေါင်(၂)ရပ်ကွက်၊ မယ်ခေါင်(၂)လမ်းအတွင်းရှိ ဟိုတယ်လိုင်စင် ရယူထားခြင်းမရှိတဲ့ အပြည်ပြည်ဆိုင်ရာဟိုတယ် အဆောက်အအုံမှာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား အပါအဝင် နိုင်ငံခြားသား ၄၀၀ နီးပါးခန့်ကို ဆက်စပ်ပစ္စည်းများနဲ့ အတူ ယမန်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ယနေ့ထုတ် သတင်းစာမှာ ဖော်ပြထား ပါတယ်။May be an image of text that says 'ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်တွင် မယ်ခေါင် အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်သူများအား ဖမ်းဆီးရမိသည့် MA အဆောက်အအံ JALH ImaTrma'
တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ ပူးပေါင်းအဖွဲ့တွေက ၎င်းဟိုတယ်အတွင်းသို့ ဝင်ရောက်ရှာဖွေ စစ်ဆေးရာ တရုတ်နိုင်ငံသား ၂၉၇ ဦး (အမျိုးသား ၂၈၉ ဦး၊ အမျိုးသမီး ၈ ဦး)၊ မလေးနိုင်ငံသား ၃၈ ဦး (အမျိုးသား ၃၀ ဦး၊ အမျိုးသမီး ၇ ဦး)၊ ဗီယက်နမ်နိုင်ငံသား ၅၇ ဦး (အမျိုးသား ၄၆ ဦး၊ အမျိုးသမီး ၁၁ ဦး)၊ ဖိလစ်ပိုင်နိုင်ငံသား အမျိုးသမီး ၁ ဦး စုစုပေါင်း နိုင်ငံခြားသား ၃၉၃ ဦး တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
May be an image of one or more people, bangs and text that says 'ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်တွင် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်သူများအား ဖမ်းဆီးရမိမှု တရုတ်နိုင်ငံသား အမျိုးသား ၅၀ ဦး 草基色今透人 တရုတ်နိုင်ငံသား www အမျိုးသား ၅၀ ဦး'
ဒါ့အပြင် အွန်လိုင်းလိမ်လည်လောင်းကစားမှုမှာ အသုံးပြုတဲ့ ကွန်ပျုတာ ၁၇၄ လုံး၊ CPU အလုံး ၇၀၊ Star Link ၉ လုံး၊ ဖုန်းမျိုးစုံ ၂၃၃ လုံးနဲ့အတူ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထား ပါတယ်။
May be an image of one or more people and text that says 'ရှမ်းပြည်နယ်(အရှေ့ဝိုင်း)၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်တွင် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်သူများအား ဖမ်းဆီးရမိမှု တရုတ်နိုင်ငံသား pgwwww အမျိုးသား ၅၀ ဦး တရုတ်နိုင်ငံသား အမျိုးသား ၅၀ ဦး'
May be an image of ‎one or more people and ‎text that says '‎ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်တွင် အွန်လိုင်းလိမ်လည် လောင်းကစားမှူကျူးလွန်သူများအား ဖမ်းဆီးရမိမှု မလေးရှားနိုင်ငံသား wgwwwwwwwwww အမျိုးသား ၃၁ ဦး 感恩圈遇见 م မလေးရှားနိုင်ငံသား အမျိုးသမီး ၇ ဦး‎'‎‎
ဖမ်းဆီးရမိတဲ့ နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းနိုင်ဖို့ လုပ်ထုံးလုပ်နည်း နဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ပြီး သိမ်းဆည်းရမိတဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း ထပ်မံအသုံးမပြု နိုင်အောင် စနစ်တကျ ဖျက်ဆီးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
May be an image of one or more people and text that says 'ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်သူများအား ဝင်ရောက်ဖမ်းဆီးမူကို တွေ့မြင်ရစဉ် CNO CNC'Photo – MOI