ယနေ့ ဒီဇင်ဘာလ (၅) ရက်နေ့ ညနေ (၅) နာရီဝန်းကျင်ခန့်၌ သျှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မယ်ယန်းတိုးဂိတ်အနီး မယ်ယန်းဆီပန့်ဆိုင်ရှေ့တွင် ဆိုင်ကယ်အချင်းချင်း မတော်တဆ တိုက်မိခဲ့ပြီး လူ(၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် အသက် (၂၀) အရွယ် အမျိုးသားတစ်ဦးဖြစ်သည့် စိုင်းလောဝ်ကျောက် (တာလေ နားဟဲလုံရွာ) မှ နူတ်ခမ်းကွဲဒဏ်ရာနှင့် ဦးအန်နဲ အသက် (၅၀) ဝန်းကျင် (မိုင်းကိုး-ဖိုလောင်း) ရွာမှ ဦးခေါင်းနောက်စေ့ ထိခိုက် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို ဦးလှမိုး လူမှုကူညီရေးအသင်း (တာချီလိတ်) က သွားရောက်သယ်ဆောင်ပြီး တာချီလိတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Credit & ဦးလှမိုး လူမှုကူညီရေးအသင်း (တာချီလိတ်)
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/