ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့ ယမန်နေ့ည ၉ နာရီခွဲ ဝန်းကျင်၌ တာချီလိတ်မြို့နယ်၊ မကာဟိုခမ်းရပ်ကွက်၊ မြဝတီဘဏ်အရှေ့ဘက်၊ ကြံ့ခိုင်ရေးရုံးအနီး ဗုံးပေါက်ကွဲမှုဆက်တိုက် ဖြစ်ပွားခဲ့ရာ အမျိုးသား ၆ ဦး နှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“ ဟုတ်ပါတယ်၊ အုပ်ချုပ်ရေးမူး စိုင်းခမ်းမိန်းလည်း ဗုံးစထိသွားပါတယ်၊ နေရထိုင်ရတာလည်း ဆင်ခြင်နေရပါတယ်” ဟု ရပ်မိရပ်ဖတဦးက Hsan Loi Voice ကို ပြောပါသည်။
ယနေ့တာချီလိတ်၌ လုံခြုံရေးတင်းကြပ်နေကြောင်း သိရသည်။

Photos: ရှမ်းအရှေ့သတင်းမဏ္ဍိုင်