သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ တာလေမြို့မှာ ဒီနေ့ မနက်ပိုင်း (ဧပြီ၂၈ရက်)က တိုက်ခတ်ခဲ့တဲ့ မိုးသက် လေပြင်းကြောင့် မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စု၊ ဝမ်ဟကျေးရွာက ဘုန်းကြီးကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ အဲ့ဒီကျောင်းမှာသီတင်းသုံးနေတဲ့ သံဃာ တော်ဆီက သိရပါတယ် ။
မိုးသက်လေပြင်းကြောင့်ဝမ်ဟဘုန်းကြီးကျောင်းထိခိုက် ပျက်စီးခဲ့ပေမဲ့ လူထိခိုက်မှုမရှိဘူးလို့သိရပါတယ် ။ပျက်စီးခဲ့တဲ့ ဝမ်ဟဘုန်းကြီးကျောင်း ပြန်လည်တည်ဆောက်ဖို့အတွက် အကူအညီများစွာ လိုအပ်နေတယ်လို့လည်းသိရပါတယ်။
 
 
 
 
 
Photo: Sao Aon Sook