သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တာချီလိတ်မြို့နယ်ထဲက ကျားဖြန့် ၁၂၆ ဦး ဆက်စပ်ပစ္စည်းများနဲ့အတူဖမ်းမိ

တာချီလိတ်မြို့နယ်ထဲက ကျားဖြန့် ၁၂၆ ဦး ဆက်စပ်ပစ္စည်းများနဲ့အတူဖမ်းမိ

Hsan Loi Editor
13/04/2026
Share:
မြန်မာ−ထိုင်းနယ်စပ် တာချီလိတ်မြို့နယ်မှာ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်း(ကျားဖြန့်) လုပ်ကိုင်တဲ့ ပြည်ပနိုင်ငံသား ၁၂၆ ဦးကို ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
May be an image of smilingMay be an image of speaker and table
တာချီလိတ်မြို့ရဲ့ အနောက်မြောက်ဘက် မီတာ ၁၃၀၀၀ ခန့်အကွာ ပန်ကူကျေးရွာ အနီးမှာ ဧပြီလ ၇ ရက် နေ့လည် ၁ နာရီခွဲအချိန်က လုံခြုံရေးတပ်ဖွဲ့တွေ ပါဝင်တဲ့ ပူးပေါင်းဖွဲ့တွေ သွားရောက်စစ်ဆေးရာ အိပ်ဆောင်နဲ့ လုပ်ငန်းဆောင် အပါအဝင် အဆောက်အအုံ ၉ လုံးတွေ့ရှိပြီး အဆောင်အတွင်းမှ တရုတ် နိုင်ငံသား ၁၂၅ ဦးနဲ့ လာအိုနိုင်ငံသား ၁ ဦး စုစုပေါင်း ၁၂၆ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ စစ်အုပ်စုက ထုတ်ပြန် ထားပါတယ်။
May be an image of one or more people, people performing martial arts and people playing basketballNo photo description available.
May be an image of one or more peopleNo photo description available.
ဒါ့အပြင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်း ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ မော်နီတာ ၁၂၀ လုံး၊ System ပုံး ၉၇ လုံး၊ All in One Computer ၄၆ လုံး၊ Star Link ၁၂ လုံး၊ ဝိုင်ဖိုင်စက် ၁၂ လုံး၊ ဖုန်းမျိုးစုံ ၁၀၅ လုံးနဲ့ မီးစက်ကြီး ၁ လုံးတို့ တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။No photo description available.
May be an image of tree and fog
ဖမ်းဆီးရမိသူတွေကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသွားမှာဖြစ်ပြီး နောက်ကွယ်မှ ပါဝင်ပတ်သက်သူကိုလည်း ဆက်လက်စိစစ်ဖော်ထုတ် အရေးယူသွားမယ်လို့ သိရပါတယ်။
Photo – MOI