ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တာချီလိတ်မြို့တွင် ခိုးယူ/လုယက်ထားသော မော်တော်ဆိုင်ကယ် (၁၉) စီးနှင့်အတူ ဆိုင်ကယ်သူခိုး (၆) ဦးနှင့် လက်ခံဝယ်ယူသူ(၃)ဦး ဖမ်းဆီးရမိဟုဆို

တာချီလိတ်မြို့တွင် ခိုးယူ/လုယက်ထားသော မော်တော်ဆိုင်ကယ် (၁၉) စီးနှင့်အတူ ဆိုင်ကယ်သူခိုး (၆) ဦးနှင့် လက်ခံဝယ်ယူသူ(၃)ဦး ဖမ်းဆီးရမိဟုဆို

Hsan Loi Editor
10/07/2023
Share:

 

သျှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း မော်တော်ဆိုင်ကယ်များအား လိုက်လံခိုးယူ/လုယက်နေသော ဆိုင်ကယ်သူခိုး (၉)ဦးအား ခိုးထားသောဆိုင်ကယ် (၁၉)စီးနှင့်အတူ ဇူလိုင်လ ၇ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

 

၎င်းတို့သည် ၂၀၂၃ ခုနှစ် မေလခန့်ကတည်းက တာချီလိတ်မြို့အတွင်းရှိ ဒေသခံများထံ မော်တော်ဆိုင်ကယ်များအား လုယက်ခိုးယူခဲ့ခြင်း ဖြစ်သည်။

 

မော်တော်ဆိုင်ကယ်များအား ခိုးမှု၊လုယက်မှု ကျူးလွန်ခဲ့သူသူ (၆) ဦးမှာ ခိုင်မင်းထွန်း၊ မင်းခန့်ကျော်၊ အောင်မျိုး ထွန်း၊ရီဝေယံ၊ဉာဏ်လင်းထွန်း၊ကိုကိုအောင်၊ ၎င်းတို့ခိုးယူရရှိသည့် မော်တော်ဆိုင်ကယ်များအား ဝယ်ယူသူ (၃) ဦးမှာ စိုင်းပြည့်ဖြိုးအောင်၊ စိုင်းဆတ်နှင့် ဇော်သိန်းတို့ကို ဟောင်လိတ်နယ်မြေရဲစခန်း (ပ) ၅၂/၂၀၂၃၊ရာဇသတ်ကြီး ပုဒ်မ ၃၈၂/၁၁၄ အရ အမှုဖွင့်ထားကြောင်း သိရသည်။

 

ထိုသိမ်းဆည်းရရှိသည့် မော်တော်ဆိုင်ကယ်များကို ဆိုင်ကယ်ပျောက်ဆုံးသူများအနေဖြင့် မိမိတို့မော်တော်ဆိုင် ကယ်များကို သက်သေအထောက်အထားများနှင့်အတူ တာချီလိတ်မြို့ မြို့မရဲစခန်းတွင် လာရောက်ထုတ်ယူနိုင်ကြောင်း ကြေငြာထားပါသည်။