တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော 

တာချီလိတ်တွင် သတ်ဖြတ်ခံရသည့် အမျိုးသမီးငယ် အလောင်းကို မိသားစုဝင်များထံအသိမပေးပဲ ရဲတပ်ဖွဲ့က မီးရိူ့သဂြိုလ်

တာချီလိတ်တွင် သတ်ဖြတ်ခံရသည့် အမျိုးသမီးငယ် အလောင်းကို မိသားစုဝင်များထံအသိမပေးပဲ ရဲတပ်ဖွဲ့က မီးရိူ့သဂြိုလ်

Hsan Loi Editor
19/02/2026
Share:
သျှမ်းပြည်အရှေ့ပိုင်း၊တာချီလိတ်မြို့မှာအသက် ၂၀ ကျော် အမျိုးသမီးငယ်တစ်ဦးကို မိသားစုဝင်များထံအသိမပေးပဲ ရဲတပ်ဖွဲ့က အလောင်းကို မီးရိူ့သဂြိုလ် ခဲ့တယ်လို့ တာချီလိတ် မြို့ခံတွေဆီက သိရပါတယ်။
” တရားမျှတမှု မရှိဘဲ ရက်ရက်စက်စက် အသက်ဆုံးရှုံးသွားရတဲ့ ကျွန်မရဲ့ညီမလေးအတွက် အမှန်တရားကို လိုချင်ပါတယ် ။ ​ပိုပြီး စိတ်မကောင်းဖြစ်ရတာကတော့ ညီမလေးရဲ့ ရုပ်အ လောင်း (DB) ကို ပြန်တွေ့တဲ့အချိန်မှာ မိသားစုကို အ ကြောင်းမကြားခဲ့သလို၊ ဘာကြောင့် ဒီလိုရုပ်ပျက်ဆင်းပျက် ဖြစ်နေရသလဲဆိုတဲ့ အကြောင်းရင်းကိုလည်း မစုံစမ်းခဲ့ကြပါဘူး။
ဒါတင်မကသေးဘဲ မိသားစုဝင်တွေကို အသိမပေးဘဲ သဂြိုဟ်ပစ်လိုက်တယ်လို့ သိရတဲ့အတွက် ကျွန်မတို့ မိသားစုမှာ ဘယ်လိုမှ ဖြေမဆည်နိုင်အောင် ခံစားနေရပါတယ်။​ကျွန်မတို့ ညီမလေး အိမ်ပြန်မလာတာ ၃ ရက်လောက်ရှိလို့ အဆက်အ သွယ်ပြတ်ပြီး စိုးရိမ်တကြီး ရှာဖွေနေခဲ့ရတာပါ။ ” လို့ သေဆုံးသူ မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
သေဆုံးသူရဲ့ မိသားစုဝင်တွေဟာ ပြီးခဲ့တဲ့ရက် ပိုင်း(အလောင်းမတွေ့ခင်အချိန် ) ကတည်းက ရဲစခန်းကို လူပျောက်အမှုဖွင့် တိုင်ကြားခဲ့ပေမဲ့ အလောင်းပြန်တွေ့ချိန် ရဲတပ်ဖွဲ့က မိသားစုဝင်တွေကိုအသိမပေးပဲ မီးသဂြိုလ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသူအမျိုးသမီးငယ်ဟာ သတ်ဖြတ်ခံထားရတဲ့ ပုံစံနဲ့ လမ်းဘေးမှာစောင်နဲ့ထုတ်ပိုးပြီးစွန့်ပစ်ခံခဲ့ရတာဖြစ်တယ်လို့ မြို့ခံတွေကဆိုပါတယ်။
မိသားစုဝင်တွေ မသိလိုက်ပဲ အလောင်းကို မီးရိူ့သဂြိုလ်ခဲ့တဲ့ တာချီလိတ်မြို့က လူမှုကူညီရေးအသင်းနဲ့ ရဲတပ်ဖွဲ့အပေါ် မြို့ခံတွေကမေးခွန်ထုတ်နေကြပြီး အပြစ်ရှိသူများကို အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးပေးဖို့တောင်းဆိုနေကြပါတယ်။
တာချီလိတ်မြို့မှာ ယခုရက်ပိုင်းအတွင်း လူပျောက်ကြော်ငြာများ ဆက်တိုက်တွေ့နေရပြီး အများစုမှာ လူငယ် အမျိုးသား/အမျိုးသမီးတွေဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။