သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တာချီလိတ်တွင် လူနေအိမ်ပေါ်မြေပြိုကျမှုကြောင့် လင်မယား (၂ ) ဦးသေဆုံး

တာချီလိတ်တွင် လူနေအိမ်ပေါ်မြေပြိုကျမှုကြောင့် လင်မယား (၂ ) ဦးသေဆုံး

Hsan Loi Editor
14/05/2023
Share:

 

သျှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ် မြေပြိုကျခဲ့ပြီး အိမ်တွင်းနေထိုင်သူ လင်မယား ၂ ဦးသေဆုံးခဲ့ကြောင်း တာချီလိတ် ၊ ဆန်ဆိုင်း ရပ်ကွက်နေ ပြည်သူတစ်ဦးထံမှ သိရသည်။

 

“ ဖြစ်သွားတာက ကျွန်တော့အစ်ကို နေတဲ့ အိမ်နဲ့ တစ်ဝန်းထဲပဲ၊ ဖြစ်တဲ့အိမ်က ပန်းရံလုပ်တဲ့ လင်မယားအိမ် ၊ ဒီမြို့ကတော့မဟုတ်ဘူး စိတ်မကောင်းစရာပဲ လင်မယား ၂ ယောက်လုံး အသက်မရှင်ဘူး” ဟု ၄င်းကပြောသည်။

 

ယမနေ့ ည ( မေလ ၁၃ ရက်) က မိုးသည်းထန်စွာရွာသွန်းပြီးနောက် ယနေ့နံနက် ၄ နာရီအချိန်ခန့်က တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက် (ဈ) ကွက်သစ်ရှိ လူနေအိမ်တစ်လုံးပေါ် မြေပြိုကျခဲ့ခြင်းဖြစ်သည်။

 

အခင်းဖြစ်ပွားရာနေရာသို့ တာချီလိတ်အခြေစိုက်လူမှုကူညီရေးအသင်းများ ရောက်ရှိလာပြီး ကယ်ဆယ်ရေး လုပ်ငန်များဆောင်ရွက်ကာ ယနေ့နံနက် ၈ နာရီ ချိန်ခန့်က သေဆုံးရုပ်အလောင်းများကို တူးဖော်နိုင်ခဲ့ပြီး တာချီလိတ် ဆေးရုံရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည် ။

 

မေလ ၁၃ ရက်ညဦးပိုင်းကတည်းက သျှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်းများတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မိုခါမုန်တိုင်း၏ အရှိန်ကြောင့် မိုးကြီးနိုင်ပြီး မြေပြိုကျခြင်း ၊ သစ်ပင်အိုများ ၊ အုတ်တံတိုင်းများ လဲကျခြင်း ဖြစ်ပွားနိုင်ကြောင်မိုးလေဝသပညာရှင်များက သတိပေးထားသည်။