ယနေ့ မွန်းလွဲ (12:15) မိနစ်တွင် တာချီလိတ်မြို့၊ ရန်အောင်မြေ ပါလျှံ (၁) ရပ်ကွက်၊ အလိုတော်ပြည့် ဘုန်းကြီးကျောင်းအနီး အိမ်ခန်းငှားတစ်ခုထဲတွင် ပုံပါ ချောကလပ်အလုံးများ စားမိပြီး ခလးငယ် ၂ ဦး နှင့် လူကြီး (၃) ဦးတို့ ရုတ်တရက် ဦးခေါင်းမူးဝေအော့အန်မှုများဖြစ်ပွားခဲ့သည်ဟု သိရသည်။
အသက် (၂) နှစ် (၄) လအရွယ်ရှိ မောင်ထူးမြတ်ဝေ၊ (၁) နှစ် (၄) လအရွယ် နန်းသဇင်မိုး၊ မသီတာသိမ့် (၂၉)နှစ် (ဦးခေါင်းမူးဝေ)၊ မယမင်း အသက် (၂၁) နှစ် (မူးဝေ)၊ မောင်အောင်ကျော်လင်း (၁၇) နှစ် မူးဝေအော့အန်တို့ ဖြစ်ကြသည်ဟုသိရသည်။
ယင်းအခြေအနေနှင့်ပါတ်သက်၍ “အခြေအနေကောင်းပါတယ် သက်သာလာပါတယ်” ဟု ဦးလှမိုးလူမှုကူညီရေးအသင်းမှ စေတနာ့ဝန်ထမ်းတဦးက ဖြေကြားပါသည်။
ယင်းနောက်တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ရသည်ဟု ဦးလှမိုး လူမှုကူညီရေးအသင်းကတဆင့် သိရသည်။
 
 
 
 
 
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/