သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တာချီလိတ်တွင် နာမည်ကြီးကာစီနိုဟိုတယ်မြေ အောက်ခန်းတွင် အွန်လိုင်း လောင်ကစားပြုလုပ်သူ ထိုင်းနိုင်ငံသား ၄၀ ဦးဖမ်းဆီးရမိ

တာချီလိတ်တွင် နာမည်ကြီးကာစီနိုဟိုတယ်မြေ အောက်ခန်းတွင် အွန်လိုင်း လောင်ကစားပြုလုပ်သူ ထိုင်းနိုင်ငံသား ၄၀ ဦးဖမ်းဆီးရမိ

Hsan Loi Editor
04/04/2026
Share:
သျှမ်းပြည်အရှေ့ပိုင်း ၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ)ရပ်ကွက် ၊ ဝမ်မိုင်ရပ်ရှိ နာမည်ကြီး ကာစီနို Regina(ရီဂျီးနား) ဟိုတယ်မြေအောက်ခန်းတွင် အွန်လိုင်း လောင်ကစားပြုလုပ်သူ ထိုင်းနိုင်ငံသား ၄၀ ဦး နှင့် အတူ အွန်လိုင်း လောင်းကစား ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ ကြောင်းသိရသည်။
May be an image of lighting and twilight
” အွန်လိုင်းဂိမ်း နဲ့ မသက်ဆိုင်တဲ့ ဝန်ထမ်းတွေနဲ့ ကာစီနို လာဆော့တဲ့ဧည့်သည်တွေ ကိုတော့ ပြန်လည်လွတ်ပေးတယ် ၊ညပိုင်းရောက်တော့လည်း တာချီလိတ်က တစ်ခြား နာမည်ကြီးကာစီနိုဟိုတယ်တွေ လည်းဝင်စစ်သေးတယ် ” ဟု တာချီလိတ်သတင်းရင်းမြစ်ကပြောသည်။
May be an image of one or more people and text
ဧပြီလ ၂ ရက်နေ့ နေ့လည် ၁ နာရီတွင် စစ်ကောင်စီ ပူးပေါင်းအဖွဲ့များ က ဟိုတယ်အတွင်း ဝင်ရောက် ရှာဖွေ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မြေအောက်ထပ် ဟိုတယ်ပစ္စည်းများ သိမ်းဆည်းသည့်အခန်း ၈ ခန်းအတွင်း အွန် လိုင်း လောင်ကစားပြုလုပ်သူ ထိုင်းနိုင်ငံသား အမျိုးသား ၂၉ ဦးနှင့် အမျိုးသမီး ၂၁ ဦးတို့ကို လောင်းက စား ဆက်စပ်ပစ္စည်း များ၊ ထိုင်ဘတ် ငွေ များ နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
May be an image of one or more people, crowd and text
May be an image of money
ဟိုတယ်၏မြေအောက်ခန်း၊ ပစ္စည်း သိုလှောင်ထားသည့်အခန်းများအား သက်ဆိုင်ရာ မှ ဝင်ရောက်ရှာဖွေခဲ့ရာဟိုတယ်
မြေအောက်ထပ် အခန်း ၈ ခန်းအတွင်း မှ မော်နီတာ(၂၃၆)လုံး၊ system ပုံး(၁၀၂) လုံး၊ CPU(GBS) (၈၄)လုံး၊ ဖုန်းမျိုးစုံ(၄၀၁)လုံး၊ စားပွဲ (၈၃)လုံး၊ ထိုင်ခုံ(၁၁၉)လုံး၊ လပ်တော့ ကွန်ပျူ တာ (၁၇)လုံးနှင့်အတူ မီးခံသေတ္တာအတွင်းရှိ ထိုင်းဘတ်ငွေ(၆၅)သိန်းဘတ်အားဖမ်းဆီးရမိ ခဲ့ကြောင်းသိရသည်။
May be an image of hospital
ညပိုင်း တွင်လည်း လားဟူလူမျိုးသူဌေး ပိုင်ဆိုင်သော ရွှေဗူးသီး ဟိုတယ် နှင့် အာခါလူမျိုး သူဌေးပိုင်ဆိုင်သော ဇန်းမွန်အာခါ ဟိုတယ် တို့တွင် လည်း အွန်လိုင်းလောင်းကစားဂိမ်းများအား သက်ဆိုင်ရာကလာရောက်စစ်ဆေးသွား ကြောင်း သိရသည်။May be an image of parking meter and text
Regina hotel သည် ၂၀၀၂ ခုနှစ်ထဲကတည်းက( မလေးရှား နှင့် ထိုင်း ) မှမြေဌားရမ်း ပြီး အဆင့်မြင့် ဂေါက်ကွင်းနှင့်ဟိုတယ် တည်ဆောက် ဖွင့်လှစ်ထားကာ မြန်မာပြည် ၏ ပထမဆုံးသော ကာစီနိုရုံ ပါသော ဟိုတယ်ဟုပင်ဆိုနိုင်သည့် နာမည်ကြီး ကာစီနိုရုံ တစ်ခုဖြစ်သည်။
Photo- Online