သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့ပေါ်ရပ်ကွက်များ တွင် မော်တော်ဆိုင် ကယ် ခိုးယူခံရမှု မကြာ ခဏဖြစ်ပွားနေ ပြီး အ များစုမှာစျေးနှုန့်မြင့်မားကာ တန်ဖိုးကြီးသော ဆိုင်ကယ်အ မျိုး အစားဖြစ်သော် လည်း ဆိုင်ကယ် သူခိုးများနှင့်အတူ ဖမ်း ဆီးရမိသည့်အခါ ဆိုင်ကယ် အဟောင်း အစုတ်သာဖြစ်နေကြောင်း မြို့ခံ များထံမှသိရသည်။
” ဒီမြို့မှာ အခိုးခံရတဲ့ ဘီးတွေ တော်တော်များများ က အ ကောင်းတွေများတယ် ဒါပေမဲ့ သူတို့မိလိုက်ရင် ဘီးအဟောင်းတွေချည်းပဲ ၊ ဆိုင်ကယ်ပျောက်ဖူးတော့အခုတစ်ခေါက် ကိုယ့်ဘီးလေးများပါမလားလို့ သွားစုံစံမ်းကြည့်တော့ အကုန်ဘီးအဟောင်းတွေ ချည်းပဲ ” ဟု မြို့ခံတစ်ဦးကပြောသည်။
မတ်လ ၂၅ ရက်က တာလျီလိတ်တွင် ဆိုင်ကယ်ခိုးသူ ၄ ဦးကိုမော်တော်ဆိုင်ကယ် ၆ စီးနှင့်အတူ ဖမ်းဆီးရမိရသော်လည်း ခိုးရာပါဆိုင်ကယ်အများစုမှာ အဟောင်းများသာဖြစ်သည်ဟု ၄င်းကပြော သည်။
ရဲသတင်းများထဲတွင် တာချီလိတ်မြို့ ပေါ်ရပ်ကွက်မျာအတွင်း လှည့်ကင်းလှည့်နေစဥ် ဆိုင်ကယ်ခိုးမှုဖြင့် ပြစ်ဒဏ်ကျခဲ့ဖူးသူ ဆောင်းဦး(ခ)သားပုအား မသင်္ကာဖွယ်တွေ့ရှိ၍ တရုတ်နိုင်ငံထုတ် Kenbo Click အမျိုးအစား၊ နီ/နက်ရောင် ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိပြီး ဆက်လက်စစ်ဆေးချက်အရ ၎င်းနှင့်အတူ ဆိုင်ကယ်ခိုးမှုကျုးလွန်သူများဖြစ်သည့် ဝေယံထိုက်(ခ) နေမျိုးဦး၊ ကျော်ဇင်ထွေး(ခ)ကပ္ပလီနှင့် ထက်နိုင်ဆွေ(ခ) ထူးထူးတို့(၄)ဦးအား ခိုးယူထားသည့် သက်သေခံ ဆိုင်ကယ်မျိုးစုံ (၆) စီးနှင့်အတူ ထပ်မံဖော်ထုတ် ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ဆိုထားသည်။
ထို့အပြင် အမှုမှ ဆိုင်ကယ်ခိုးယူခဲ့သူ ၄ ဦးအား ဥပဒေနှင့်အညီအရေး ယူဆောင်ရွက်ပြီးဆိုင်ကယ်ပျောက်ဆုံးသူများကို ရှာဖွေ ၍ ပိုင်ရှင်များထံပြန်လည်အပ်နှံနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု ဖော်ပြထား သည်။
ခိုးခံရသည့် မော်တော်ဆိုင်ကယ်အားရဲစခန်းသို့ သွား ရောက်ထုတ်ယူရာတွင် ဆိုင်ကယ်လိုင်စင် ဝိတက်ပြားမပြနိုင်လျှင် စခန်းမှ ထုတ်ပေးခြင်းမရှိ သလို တာချီလိတ်မြို့ပေါ်ရှိမော်တော်ဆိုင်ကယ် အများစုမှာ လိုင်စင်မဲ့များ ဖြစ်သည့်အတွက် ခက်ခဲကြောင်း မြို့ခံသတင်းရင်းမြစ်များထံမှ သိရှိရသည် ။