တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော 

တာချီလိတ်က အမျိုးသမီးငယ်သေဆုံးမှုအလောင်း ဖျောက်ပစ်ခဲ့သူတရားခံ ၃ ဦးထဲကတစ်ဦးကိုဖမ်း ဆီးရမိဟုဆို

တာချီလိတ်က အမျိုးသမီးငယ်သေဆုံးမှုအလောင်း ဖျောက်ပစ်ခဲ့သူတရားခံ ၃ ဦးထဲကတစ်ဦးကိုဖမ်း ဆီးရမိဟုဆို

Hsan Loi Editor
26/02/2026
Share:
သျှမ်းပြည်အရှေ့ပိုင်းတာချီလိတ်မြို့၌ အသက် ၂၁ နှစ်အရွယ်မဖြူဖြူအေး သေဆုံးမှုတွင် အလောင်းဖျောက်ပစ်ခဲ့သူ ၃ ဦးအား စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး တရားခံတစ်ဦးအားဖမ်းဆီးရမိခဲ့ကြောင်း ရဲသတင်း ထုတ်ပြန်ချက်အရ သိရသည်။
No photo description available.
ဖမ်းဆီးရမိသူမှာ မြို့ပတ်လမ်း၊ ပါလျှံ(၁)၊ ရန်အောင်မြေ ရပ်ကွက်တွင် နေထိုင်သည့် အသက်(၂၅) နှစ်အရွယ် စိုင်းဇော်ပိုင်(ခ) နပိတ်ဖြစ်ပြီး ၄င်းကို သက်ဆိုင်ရာက သေဆုံးသူနှင့်ပတ်သက်သည့် CCTV မှတ်တမ်းများအရ ဝိန်းကျောက်ရပ်ကွက်၊ ရွှေမိသားစုဟိုတယ် အနီးတွင် ဖေဖေါ်ဝါရီ ၂၄ ရက်ညနေပိုင်းကဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
No photo description available.
ဖမ်းဆီးရမိသူကို သက်ဆိုင်ရာကစစ်ဆေးမေးမြန်းမှုအရ ပြစ်မှုကျူးလွန်ရာတွင် ၎င်းနှင့်အတူပါဝင်ခဲ့သူမှာ ဉာဏ်လင်းထက်(ခ) အားစန်းကောနှင့် မိခင်ဖြစ်သူ ဒေါ်နန်းကိန်ခမ်း ဆိုသူဖြစ်ကြောင်းသိရပြီး သေ ဆုံးသူ မဖြူဖြူအေးမှာ ဆေးလွန်ကာ အသက်ရှုကြပ်ပြီး သတိလစ်သေဆုံးသွားခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
May be an image of one or more people and text that says 'စိုင်းဇော်ပိုင်'
ဖြစ်စဉ် မှာ ဖေဖေါ်ဝါရီ ၁၄ ရက်မနက်အစောပိုင်းတွင် ဖမ်းဆီးရမိသူ စိုင်းဇော်ပိုင်ကို ဉာဏ်လင်းထက်မှ ဖုန်းဆက်ခေါ်သောကြောင့် ၄င်း၏ နေအိမ်လိုင်းခန်းသို့ သွားရောက်ခဲ့ရာ မဖြူဖြူအေးမှာ ဆေးလွန်ကာ အသက်ရှုကြပ်ပြီး သတိလစ်နေ၍ ၎င်းတို့(၂)ဦးမှာ ဝိုင်းဝန်းပြုစုခဲ့ကြကြောင်း ၊ ယင်းနောက် မဖြူဖြူအေးအား ပါဆတ်ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုသို့ ခေါ်ဆောင်သွားကာ ဖေဖေါ်ဝါရီ ၁၅ ရက်နံနက်ပိုင်းတွင် မဖြူဖြူအေးမှာ အခြေအနေမကောင်းသဖြင့် ဉာဏ်လင်းထက် ငှားရမ်းထားသည့် လိုင်းခန်းငှားသို့ ပြန်ခေါ်လာခဲ့ကြောင်း၊ လိုင်းခန်းသို့ရောက်ရှိစဉ် ဉာဏ်လင်းထက်(ခ) အားစန်းကော၏ မိခင် ဖြစ်သူဒေါ်နန်းကိန်ခမ်းမှ ၎င်းတို့အခြေအနေကို သိရှိသွားပြီး မဖြူဖြူအေးအား ဆားကျွေး ‌ခြင်း၊ ဆားရည်တိုက်ခြင်းများ လုပ်ဆောင်ပေးခဲ့သော် လည်း မဖြူဖြူအေးမှာ သေဆုံး သွားသဖြင့် ၎င်းတို့(၃)ဦးပေါင်း၍ မဖြူဖြူအေး၏ ရုပ်အလောင်းအား အဝတ်ဖြင့်ပတ်ကာ ဆေခမ်းရပ်ကွက်၊ မြို့ရှောင်လမ်းဘေး ကိုင်းတောအတွင်း သွားရောက်စွန့်ပစ်ခြင်း ဖြစ်ကြောင်း သိရသည်။
May be a black-and-white image
လက်ရှိမှာ မဖြူဖြူအေး သေဆုံးမှုတွင် အလောင်းဖျောက်သူဉာဏ်လင်းထက်နှင့် မိခင်ဖြစ်သူ ဒေါ်နန်းကိန်ခမ်းတို့ ထွက် ပြေး တိမ်းရှောင်နေကြောင်းသိရသည်။
ကနဦးတွင်မဖြူဖြူအေး သေဆုံးမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့က လူပျောက်ကြေငြာထားသော မိသားစုဝင်များအား အသိပေးခြင်းမရှိပဲပိုင်ရှင်မဲ့ အလောင်းအဖြစ် မီးရိူ့သဂြိုလ်ခဲ့သည့်အပေါ် လူမှုကွန်ရက်စာမျက်နှာနှင့်သတင်းမီဒီယာများကြား အကျယ် တစ်ဝင့်ဖော်ပြခံရပြီး နောက် ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်တွင် ယခုကဲ့သို့သတင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည် ။
photo-original uploaded