သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တရုတ်-မြန်မာ ယာယီနယ်စပ်ဖြတ်သန်းဝင်ရောက်ခွင့်ကတ်များ အကန့်အသတ်မရှိ ထုတ်ပေးနေဟုဆို

တရုတ်-မြန်မာ ယာယီနယ်စပ်ဖြတ်သန်းဝင်ရောက်ခွင့်ကတ်များ အကန့်အသတ်မရှိ ထုတ်ပေးနေဟုဆို

Hsan Loi Editor
05/09/2023
Share:

 

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်များတွင် ယာယီနယ်စပ်ဖြတ်သန်းဝင်ရောက်ခွင့်ကတ်များအား စက်တင်ဘာလ (၄) ရက်နေ့က စတင်ပြီး အကန့်အသတ်မရှိ စတင်ထုတ်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ယာယီဝင်ထွက်ခွင့များအား မြန်မာနိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်ထားသူ မည်သူမဆို ထုတ်ပေးမည်ဟုဆိုသည်။ ယာယီဝင်ထွက်ခွင့်သည် မြန်မာငွေ (၁၀၀၀) ကျပ်သာ ကုန်ကျမည်ဖြစ်ပြီး တရုတ်နိုင်ငံ၌ (၆) ညအိပ် (၇) ရက်‌ နေထိုင်ခွင့်ရှိကြောင်း သိရသည်။ အဆိုပါကတ်များသည် တရုတ်နိုင်ငံ ကျယ်ခေါင်မြို့နှင့် ရွှေလီမြို့အထိ အကျုံးဝင်အသုံးပြုနိုင်သည်။

“အခုကတော့ မူဆယ်မှာရှိတဲ့ ဝင်ထွက်ဂိတ်တွေမှာ အရင်တုန်းကလိုမျိုး ဝင်ထွက်ခွင့်ကတ်တွေကို ပြန်ထုတ်ပေးနေပြီပေါ့နော်။ ပြောထားတာတော့ တစ်ယောက်ကို (၁၀၀၀) ကျပ်လို့ ဆိုပေမယ့် လက်တွေ့မှာတော့ (၂၀၀၀) ကျပ်လောက်တော့ ကုန်ပါတယ်။ လူအရမ်းများတော့ မနက်အစောကြီး သွားတန်းစီနိုင်မှာပဲ ရတယ်။”ဟု မူဆယ်ဒေသခံတစ်ဦးကပြောပြသည်။

ယာယီဝင်ထွက်ခွင့်ကတ်များကို မူဆယ်မြို့နယ်ရှိ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်နှင့် မန့်ဝိန်းဂိတ် စသည့် ဂိတ် (၃) ခုတွင် စတင်ထုတ်ပေးနေပြီဟု သတင်းရရှိသည်။