သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မော်စကိုမှာတွေ့ဆုံ

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မော်စကိုမှာတွေ့ဆုံ

Hsan Loi Editor
10/05/2025
Share:

 

ရုရှားနိုင်ငံ မော်စကို မှာ ကျင်းပတဲ့ နှစ် ၈၀ ပြည့် စစ်အောင်ပွဲသို့ တက်ရောက်နေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ ယနေ့မှာ တွေ့ဆုံတယ်လို့ သိရပါတယ်။

 

တွေ့ဆုံချိန်တွင် မန္တလေးမြို့မှာ ပြင်းထန်ငလျင် လှုပ်ခတ်မှုအပြီးတွင် လူသေဆုံးမှုများနဲ့ ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့များနှင့် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ အမြန်ဆုံးစေလွှတ်ပြီး မြန်မာနိုင်ငံ ပြန်လည် ထူထောင်ရေးမှာ တရုတ်နိုင်ငံက ဆက်လက် ပံ့ပိုးကူညီသွားမယ်လို့ သမ္မတရှီက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ် ရေး၊ နယ်မြေစိုးမိုးရေးနှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ပြည်တွင်းနိုင်ငံရေး လုပ်ငန်းစဉ်များ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံအား ပံ့ပိုးကူညီလျက်ရှိကြောင်း ၎င်းကပြောဆိုတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ “ မော်နင်း” (Mao Ning) က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။