သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တရုတ်ပြောတာကို ချက်ခြင်းလုပ်ပေးတဲ့ စစ်ကောင်စီ 

တရုတ်ပြောတာကို ချက်ခြင်းလုပ်ပေးတဲ့ စစ်ကောင်စီ 

Hsan Loi Editor
17/11/2023
Share:

 

အွန်လိုင်းငွေလိမ်ဂိုဏ်းတရားခံလို့ စွပ်စွဲခံထားရတဲ့ တရုတ်နိုင်ငံသား မြီရှောက်ချန်း (Ming Xuechang)၊ မြီကော်ဖျင်း (Ming Guoping) (ခ) မြီရှောက်ဖျင်း (Ming Xiaoping)၊ မြီကျိန်းကျိန်း (Ming Zhenzhen) တို့ ၃ ယောက်ကို ကိုးကန့်ဒေသ လောက်ကိုင်မှာ ကနေ့ ဖမ်းဆီးပေးပြီးတော့ တရုတ်အာဏာပိုင်တွေကို ချက်ခြင်း ပို့ပေးခဲ့တဲ့အကြောင်း စစ်ကောင်စီသတင်းအရင်းအမြစ်တွေက ထုတ်ပြန်လာပါတယ်။

 

မနေ့က နိုဝင်ဘာလ ၁၅ ရက်နေ့ကပဲ မြီကျွီလန် (Ming Julan) အပါအဝင် သူတို့ ၃ ယောက် အားလုံးပေါင်း ၄ ယောက်ကို စစ်ကောင်စီဘက်က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးမှာ ဖမ်းဝရမ်းထုတ်ခဲ့တာလို့ ဆိုပါတယ်။

 

ကနေ့ မွန်းလွဲပိုင်း ၁ နာရီ ၅၀ မိနစ်မှာ သျှမ်း-တရုတ်နယ်စပ် ရန်လုံကျိုင်းနယ်စပ်ဂိတ်ကနေ ဗမာစစ်တပ်က ယူနန်ပြည်နယ် တရုတ်ရဲတပ်ဖွဲ့ကို လွဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။