တရုတ်နိုင်ငံ၏ အာဏာရပါတီဖြစ်သော တရုတ်ကွန်မြူနစ်ပါတီ၏ တတိယအကြိမ်အစည်းအဝေး ကြောင့် MNDAA တို့ စစ်ကောင်စီတပ်အား ထိုးစစ်ဆင်တိုက်ခိုက်မှု ဇူလိုင်လ (၁၄) ရက်နေ့မှ (၁၈) ရက်နေ့အထိ ယာယီအပစ်ရပ်ထားမည်ဖြစ်ကြောင့် MNDAA က ယမန်နေ့တွင် ကြေညာခဲ့သည်။
အလားတူ TNLA လည်းအဆိုပါကာလအတွင်း သျှမ်းပြည်နယ်၌ ယာယီအပစ်ရပ်ထားမည်ဖြစ်သော်လည်း မန္တလေးတိုင်းဒေသကြီးမပါဝင်ကြောင်း သိရသည်။