တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တစ်နိုင်ငံလုံး မဲပြန်ရေတွက်ရန် ထိုင်းရွေးကောက်ပွဲကော်မရှင်ရုံးရှေ့မှာ ဆန္ဒပြသူများက တောင်းဆို

တစ်နိုင်ငံလုံး မဲပြန်ရေတွက်ရန် ထိုင်းရွေးကောက်ပွဲကော်မရှင်ရုံးရှေ့မှာ ဆန္ဒပြသူများက တောင်းဆို

Hsan Loi Editor
11/02/2026
Share:
တစ်နိုင်ငံလုံး မဲပြန်ရေတွက်ရန်နဲ့ မဲရေတွက်မှုမှာ ပိုမိုပွင့်လင်းမြင်သာမှုရှိရန်ဆိုပြီး ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက် ထိုင်းရွေးကောက်ပွဲကော်မရှင်(EC) ရုံးရှေ့ အပြင်ဘက်မှာ တက်ကြွလှုပ်ရှားသူအဖွဲ့တစ်ဖွဲ့ က စုဝေးပြီး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။May be an image of one or more people and text that says 'หน่วยงาน ยงาน Divisions ประศาส ระศาสนภักดี ภักดี nabhakt nabh a) 馬 Building งินเดือน างีของประชาชน เจ็นเดือแวงประเทอน ሆን กกต. Respe Mu Vote'
တက်ကြွလှုပ်ရှားသူနဲ့ အရပ်ဖက်အဖွဲ့အစည်းအချို့မှ ကိုယ်စားလှယ် ၂၀ ဦးခန့်ဟာ ရွေးကောက်ပွဲ ကော်မရှင်(EC)ထံ အချက် ၅ ချက်ပါ တောင်းဆိုချက်တစ်စောင် တင်သွင်းပြီး အဲ့ဒီတောင်းဆိုချက်မှာ (၁)နိုင်ငံတစ်ဝန်း ပွင့်လင်းမြင်သာစွာ မဲပြန်ရေတွက်ရန် ၊ (၂) မမှန်ကန်မှုများနှင့် ဆက်စပ်နေသည်ဟု စွပ်စွဲခံရ သော တာဝန်ရှိသူများ အပေါ် စုံစမ်းစစ်ဆေးရန်၊ (၃) မဲရုံအဆင့် ရလဒ်များကို ချက်ချင်း ထုတ်ပြန်ရန်၊ (၄) ပြင်းထန်သော ကွဲလွဲမှုများ တွေ့ရှိရသည့် မဲဆန္ဒ နယ်များတွင် ရွေးကောက်ပွဲ ပျက်ပြယ်ကြောင်း ကြေညာကာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် (၅) ပြဿနာများ ဖြေရှင်းပြီးနောက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ၇ ဦးလုံး နုတ်ထွက်ရန် စတဲ့အချက်တွေပဲဖြစ်ပါတယ်။
May be an image of one or more people and text that says 'Oficiah ขร mи rd stah rocker seditate นับใหม่ ใหม่ ทั้งประเทศ sion 4 W កីបឃ៉្នា ทังประเทศ นับใหม่ นับใหม่'
ဆန္ဒပြခေါင်းဆောင် Noppasin Treerayapiwat က ရွေးကောက်ပွဲရှုံးနိမ့်မှုကို လက်ခံနိုင်သော်လည်း ပွင့်လင်းမြင်သာမှု မရှိခြင်းကို လက်မခံနိုင်ကြောင်း၊ EC မှ အရေးယူဆောင်ရွက်ရန် ပျက်ကွက်ပါက ပိုမိုပြင်းထန်တဲ့ ဆန္ဒပြပွဲ ဆက်လက်လုပ်ဆောင်သွားနိုင်တယ်လို့ သတိပေးခဲ့ပြီး ယခုဆန္ဒပြပွဲရဲ့ နောက်ကွယ်မှာ မည်သည့် နိုင်ငံရေးပါတီကမျှ မရှိဘူးလို့ ပြောဆိုထားပါတယ်။
May be an image of one or more people, skateboard and text that says 'โกงทุกมิติ ทุกมี กมิติ โกง มิงนึกว่านวกกฎินหญับเหรว กิน หก้าเหรอ ถ้าเลือกตั้งแล้ว ถ้า ได้อย่างนี้ให้พ่อมึง ได้อย่างนี้ ให้พ่อมึง มาซี้เลยว่า มาชี้เลยว่าอยากได้ใคร มา อยากได้ใคร อยากไ ใคร ชีมา ชี้มาเลย อาคาร Building อาคา Ratthap だい ไม่ 2i หน่วยงา หน่ว Divisions งระเทศ ใหม่ ะเทศ นับใหม่ ทั้งประเทศ นับใหม่ ทั้งประเทศ หม นับใหม่ ทั้งประเทศ นับใหม่ ทุ้งประเทศ นับ ทั้งป มับใหม่ งประเทศ hier'
EC ရဲ့ ဒုတိယအထွေထွေအတွင်းရေးမှူး Nattawat Sangiamsak က တိုင်ကြားချက်အားလုံးကို ဥပဒေ လုပ်ထုံးလုပ်နည်းများအတိုင်း ပြန်လည်စိစစ် ဆောင် ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံခြား မဲရုံများအပါအဝင် နိုင်ငံတစ်ဝန်းရှိ မဲရုံပေါင်း ၁ သိန်းခန့်မှ မဲရုံအဆင့် ရလဒ်တွေကို ခရိုင်နဲ့ ဗဟို ရွေးကောက်ပွဲကော်မရှင် ဝက်ဘ်ဆိုက်များမှာ ၂ ရက်အတွင်း တင်ပြသွားမယ်လို့ ထပ်လောင်းပြောကြား ခဲ့ပါတယ်။
May be an image of one or more people and text that says 'สำนักงาคณะกรรมการกรเลือกตั้ง สำนักงา Office of the Election Commission of Thailand L3 3 ข้าโถงสิฟท์ 3 ลการเลือกต์ CNE แอ uDy มตี ALADS-'
ဆန္ဒပြသူများကလည်း “မဲပြန်ရေတွက်ပါ၊ မဲပြန်ရေတွက်ပါ” လို့ ကြွေးကြော်ခဲ့ကြပြီး ကော်မရှင် အနေဖြင့် တာဝန်ယူရန် ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲဝေဖန်ခဲ့ကြပါတယ်။
May be an image of one or more people and text that says 'นับใหม่ ทั้งปร ทั้งประเทศ ระเทศ นับใหม่ ทั้งประเทศ ประเทศ ทั้ง นับใหม่ ใหม่ นับ ทั้งประเทศ ระเทศ ทั้ง ระวัง! บัตรเกิดใหม่ atthier'
Ref: Thai Enquirer