တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်မီး လာချိန်ထက် မီးပျက်ချိန်ပိုများနေသည့်ကြားက စစ်ကောင်စီက လျှပ်စစ်ဓာတ်အား မီတာခ တိုးမြင့်ကောက်ခံမယ်လို့ ဒီကနေ့ထုတ် ကြေးမုံသတင်းစာမှာ ထုတ်ပြန်ကြေညာထားပါသည်။
လျှပ်စစ်ဓာတ်အားသုံးစွဲသူတွေအတွက် တည်ငြိမ်တဲ့ လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ် ဖြန်ဖြူးနိုင်ရေးအတွက် ဟုဆိုကာ စစ်ကောင်စီက မီတာခတွေကို တိုးမြှင့်ကောက်ခံလာပါသည်။
နိုင်ငံရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဟာ လျှပ်စစ်ဓာတ်အား ရရှိ ရေးက အဓိက ကျတဲ့အတွက် လျှပ်စစ်ဓာတ်အားပေး စက်ရုံကြီးတွေ၊ ဓာတ်အားလိုင်းကြီးတွေကို အဆင့်မြင့်တင်တာ၊ တိုးချဲ့တည်ဆောက်တာ၊ ပြုပြင်ထန်းသိမ်းတာတွေကို ပြည်တွင်း၊ ပြည်ပ ရင်းနှီး မြှပ်နှံမှု တွေနဲ့အတူ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီရဲ့ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနက သြဂုတ်လ (၃၀)ရက် ဒီကနေ့မှာ ထုတ်ပြန်ထားတာပါ။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ပြောင်းလဲသတ်မှတ်လိုက်တဲ့ မီတာခနှုန်းတွေထဲမှာဆိုရင် အိမ်သုံးအမျိုးအစားကို ၁ ယူနစ် ကနေ ၅၀ ယူနစ် အတွင်း ၅၀ ကျပ်၊ ၅၁ ယူနစ်ကနေ ၁၀၀ယူနစ်အတွင်း ၁၀၀ကျပ်၊ ၁၀၁ ယူနစ် ကနေ ၂၀၀ ယူနစ် အတွင်း ၁၅၀ကျပ်၊ ၂၀၁ ယူနစ် နဲ့အထက်ကို ၃၀၀ကျပ်အထိ သတ်မှတ်ထားပါသည်။
အိမ်သုံးအမျိုးအစားမဟုတ်တဲ့ မီးတာခနှုန်းထားတွေကိုတော့ ၁ ယူနစ် ကနေ ၅၀၀၀ ယူနစ် အတွင်း ၂၅၀ကျပ် ၊ ၅၀၀၁ ယူနစ် ကနေ ၂၀၀၀၀ ယူနစ် အတွင်း ၄၀၀ကျပ်၊ ၂၀၀၀၁ ယူနစ်နဲ့ အထက်ကို ၅၀၀ ကျပ်အထိ ကောက်ခံမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
ယခုပြင်ဆင်သတ်မှတ်လိုက်တဲ့ ဓါတ်အားခနှုန်းထားတွေဟာ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၁)ရက် နေ့ကစပြီး အကျိုးသက်ရောက်မယ်လို့ သိရှိရပါတယ်။
