သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ညောင်ရွှေမြို့တွင် ဓါတ်ဆီတရားမဝင်သယ်ဆောင်လာသည်ဟုဆိုကာ အမျိုးသားတစ်ဦးအဖမ်းခံရ

ညောင်ရွှေမြို့တွင် ဓါတ်ဆီတရားမဝင်သယ်ဆောင်လာသည်ဟုဆိုကာ အမျိုးသားတစ်ဦးအဖမ်းခံရ

Hsan Loi Editor
13/04/2026
Share:
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် စက်သုံးဆီ/ ဓါတ်ဆီများ တရားမဝင်သယ်ဆောင် သည့်တောင်ကြီးမြို့နေ အမျိုးသားတစ်ဦး ဖမ်းဆီးခံရကြောင်း သိရသည်။
ဖြစ်စဉ်မှာပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် ညောင်ရွှေမြို့နယ်၊ ရွှေလဖုန်း ကျေးရွာ၊ ညောင်ရွှေ-နန်းပန်ကားလမ်းပေါ်တွင် စက်သုံးဆီများကို HIJET ကားပေါ်ရာဘာ ဆီပုံးအဝါများဖြင့် သယ်ဆောင်လာသော တောင်ကြီးမြို့နေအသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးဖမ်းဆီးခံရခြင်းဖြစ်ကြောင်းသိရသည်။
၄င်း HIJET ယာဉ်ပေါ်မှ တရားမဝင်သယ်ဆောင်လာသည့် 92 ဓာတ်ဆီ ၂၀ လီတာပါ ပလပ်စတစ် ပုံး ၁ ပုံး၊ ပရီမီယမ်ဒီဇယ် ၂၀ လီတာပါပလပ်စတစ်ပုံး ၁ ပုံး၊ ပရီမီယမ်ဒီဇယ် ၁၅ လီတာပါပလပ်စတစ်ပုံး ၂ ပုံး၊ စုစုပေါင်းဓာတ်ဆီ ၂၀ လီတာနှင့် ပရီမီယမ်ဒီဇယ် ၃၅ လီတာတို့အားညောင်ရွှေရဲများက တွေ့ရှိသိမ်း ဆည်းရမိ ခဲ့သဖြင့် အဆိုပါဓါတ်ဆီသယ် ဆောင် လာသူအားညောင်ရွှေမြို့မရဲစခန်း တွင် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။