သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ဆောင်းစဝင်ကတည်းက လမ်းဘေးနေထိုင်သော အိမ်ခြေရာမဲ့များ၊ မူးယစ်ဆေးဝါးသုံးစွဲလွန်ပြီး သေဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး တစ်လကျော်ကာလအတွင်း (၁၀) လောင်းအထက်ရှိနေပြီဖြစ်သည်။
ယမန်နေ့ နိုဝင်ဘာလ (၂၀) ရက်နေ့ ည (၈း၁၅)အချိန်ခန့်တွင် လားရှိုးမြို့ ရပ်ကွက်(၅) ၊ (၄၂) လမ်းနှင့် မန်ကောင်းကျောင်းလမ်းတွင် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သိရသည်။
သေဆုံးသူအမျိုးသားကို မည်သူမည်ဝါဖြစ်မှန်း မသိရသေးဘဲ အေးခဲသေဆုံးနေခြင်းဖြစ်ပြီး ၎င်းအလောင်းကို လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့က သွားရောက်သယ်ဆောင်ပြီး လားရှိုးပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/