အွန်လိုင်းပေါ်၌ UNHCR ဝဘ်ဆိုဒ်အတုများ ထွက်ပေါ်နေသည်ကိုတွေ့ရသဖြင့် သတိပြုကြရန် UNHCR Myanmar မှ ယနေ့ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
“UNHCR ဟု အယောင်ဆောင်ထားသော ဝဘ်ဆိုဒ်အတုများရှိပါသည်။ UNHCR သည် ဆုများ သို့မဟုတ် လက်ဆောင်များ ပေးခြင်းမပြုလုပ်ပါ။ အစိုးရ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ထောက်ပံ့ကြေး ဆိုသည့် အကြောင်းအရာမျိုး မပြုလုပ်ပါ၊ ယင်းကဲ့သို့သော ဝဘ်ဆိုဒ်များကို သတိထားပါ ” ဟု အသိပေးထုတ်ပြန်ထားပါသည်။
