ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအနီး စစ်ကောင်စီတပ်နှင့်PNLA တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ၊ ဆီဆိုင်မြို့နယ်၌ ဖုန်းလိုင်းများဖြတ်တောက်ထားဟုဆို

ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအနီး စစ်ကောင်စီတပ်နှင့်PNLA တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ၊ ဆီဆိုင်မြို့နယ်၌ ဖုန်းလိုင်းများဖြတ်တောက်ထားဟုဆို

Hsan Loi Editor
06/02/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအနီး စစ်ကောင်စီ+PNA ပူးပေါင်းတပ်နှင့် PDF+PNA ပူးပေါင်းအဖွဲ့တို့ ယနေ့(၆.၂.၂၀၂၄)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများ၏ သတင်းပေးပို့မှုအရ သိရသည်။

 

ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲသံငြိမ်သက်လာသောကြောင့် ဟိုပုံးမြို့ကို ထွက်ပြေးတိမ်းရှောင်လာသော ဒေသခံများက ဆိုက်ခေါင်အထိ ပြန်သွားခဲ့သော်လည်း ပြန်လှည့်လာခဲ့ရသည်ဟု ဆိုသည်။

 

ဆီဆိုင်မြို့နယ်အတွင်း ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများလည်း ပြတ်တောက်လျက်ရှိသောကြောင့် အချို့ဒေသခံများ ပိတ်မိနေသေးကြောင့် သိရသည်။