သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

စံချိန်တင်ရေကြီးမှုဖြစ်ပေါ်ခဲ့တဲ့ အင်းလေးကန် ရေစတင် ခမ်းခြောက်လာမှုဖြစ်လာ

စံချိန်တင်ရေကြီးမှုဖြစ်ပေါ်ခဲ့တဲ့ အင်းလေးကန် ရေစတင် ခမ်းခြောက်လာမှုဖြစ်လာ

Hsan Loi Editor
16/03/2025
Share:

 

စံချိန်တင်ရေကြီးမှုဖြစ်ပေါ်ခဲ့သည့် သျှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်သည် ယခုကန်အတွင်းရှိ နေရာအချို့တွင် ရေတွေခမ်းခြောက်နေပြီး ကုန်းခေါင်မြေအဖြစ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဒေသတွင်းသတင်းမြစ်မှ သိရသည်။

 

ညောင်ရွှေမြို့နယ်၊ အင်းလေး-ဟဲရွာမ ဘက်တွင် ရေတွေခမ်းခြောက်ကာ ရေစီးချောင်းငယ်သာသာ ကျန်ရှိတော့သည့်အတွက်ကြောင့် ၎င်းဘက်မှာနေထိုင်သည့် အင်းလေးဒေသခံ ပြည်သူများသည် လှေနှင့်စက်လှေများ မောင်းလို့မရတော့ဘဲ သွားလာရေး နှင့် စိုက်ပျိုးရေးအတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

 

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် သျှမ်းပြည်တွင်းရှိ စံချိန်တင် ရေကြီးလျှံမှုတွေပေါ်ကာ အင်းလေးကန်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်၊

 

အင်းလေးကန်သည် ၃ လအတွင်း ရေ ၁၂ပေ လျော့ကျသွားပြီး မကြုံစဖူး ရေတွေပြန်ကျဆင်းကာ အင်းလေး ဟဲယားရွာမ ရေပေါ်ဈေးနှင့် ရေဝပ်သည့်ဧရိယာများမှာ နှုံးမြေများဖြင့် ပိတ်နေပြီး စက်လှေများ သွားလာလို့မရကြောင်း သိရသည်။

 

နွေရာသီကာလမှာ နေအပူချိန် ပူပြင်းလာသည်နှင့်အမျှ အင်းလေးကန်အတွင်း ရေခမ်းခြောက်မှု ပိုမိုဆိုးရွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသလို အင်းလေးကန်သည်လည်း အရင်နှစ်တွေကထက် ရေကျနှုန်း ပိုမိုမြန်ဆန်လာကြောင်း သိရသည်။