စိုင်းဆိုင်မောဝ်၏ တေးသီချင်းများကို ပြန်ဆိုပြီး ဝင်ငွေရရှိကြသူများအနေနှင့် မူရင်းအဆိုတော် စိုင်းဆိုင်မောဝ်၏ မူပိုင်ခွင့်နှင့်ပါတ်သက်၍ ထိုက်သင့်သလောက် ပြန်လည်ဝေမျှသင့်ကြောင်း ၎င်း၏ဇနီးဖြစ်သူက ယနေ့ ထုတ်ဖော်ရေးသားလိုက်ပါသည်။
“ ပေးတဲ့သူတွေနဲ့ မဆိုင်ပါဘူး မပေးတဲ့သူနဲ့သာဆိုင်တဲ့ post လေးပါ၊ ပီစိုင်းသီချင်းနဲ့တော့ ငွေရှာတယ် ဒါပေမယ့် တန်ရာတန်ကြေးသေးသေးလေးမျှတောင် စေတနာမရှိကြ မပေးချင်ကြသူတွေအတွက်သာ” ဟု ၎င်း၏ ဇနီးဖြစ်သူက ပြောပါသည်။
ယခုနောက်ပိုင်း စိုင်းဆိုင်မောဝ်တေးသီချင်းများကို ပြန်လည်သီဆိုကြရာတွင် စိုင်းချစ်ရတဲ့ရတနာ သီချင်းတပုဒ်သည် လူပန်းစားနေသော သီချင်းတပုဒ် ဖြစ်ပါသည်။
Photo: ခေးလားမိုး