ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး

စိုက်/မွေးဝန်ကြီးဟောင်း ဦးစိုင်းလုံကျော် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာ

စိုက်/မွေးဝန်ကြီးဟောင်း ဦးစိုင်းလုံကျော် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာ

Hsan Loi Editor
21/03/2026
Share:
ဒီကနေ့ သျှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ လွှတ်တော်အဆောက်အအုံမှာ ကျင်းပတဲ့ တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှာ NLD အစိုးရလက်ထက်က ဝန်ကြီးဖြစ်ခဲ့တဲ့ စိုင်းလုံကျော် ကို ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြောက်ခဲ့တယ်လို့ သိရပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဖယ်ခုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံကျော် အား ဥက္ကဋ္ဌ နဲ့ မိုင်းပျဥ်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းစိန် အား ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြောက်ခဲ့တာ ဖြစ်ပါတယ်။
May be an image of clarinet, hat and crowd
ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာတဲ့ ဦးစိုင်းလုံကျော် ဟာ သျှမ်း(တောင်) ကြံ့ခိုင်ရေးပါတီရဲ့ ပြည်နယ်ဥက္ကဋ္ဌ ဖြစ်သလို NLD အစိုးရလက်ထက်က ရှမ်းပြည်နယ်အစိုးရအဖွဲ့မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
ယနေ့ ကျင်းပတဲ့ ရှမ်းပြည်နယ်လွှတ်တော်မှာ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ ၅၉ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)မှ ၂ဝ ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) မှ ၁၁ ဦး၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ ၃ ဦး၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီမှ ၃ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၂ ဦး၊ အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၁ ဦးနဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၃၃ ဦးတို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။