သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

စစ်ရေးပြဿနာဖြေရှင်းဖို့ ကူမင်းဆွေးနွေး မစခင်မှာဘဲ စစ်ကောင်စီက နောင်ချိုမြို့နယ်အတွင်း လက်နက်ကြီးနဲ့ Y-12 လေယာဥ်ကို အသုံးပြုပြီး ဗုံး (၁၇၅)လုံး ပစ်ခတ်တိုက်ခိုက်

စစ်ရေးပြဿနာဖြေရှင်းဖို့ ကူမင်းဆွေးနွေး မစခင်မှာဘဲ စစ်ကောင်စီက နောင်ချိုမြို့နယ်အတွင်း လက်နက်ကြီးနဲ့ Y-12 လေယာဥ်ကို အသုံးပြုပြီး ဗုံး (၁၇၅)လုံး ပစ်ခတ်တိုက်ခိုက်

Hsan Loi Editor
16/02/2025
Share:

 

လက်ရှိစစ်ရေးပြဿနာဖြေရှင်းဖို့ TNLA နဲ့ စစ်ကောင်စီတို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံ ဆွေးနွေးပွဲ မစခင်မှာဘဲ သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်းကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တောင်ခမ်းမှ လက်နက်ကြီးနှင့် Y-12 လေယာဥ်ကို အသုံးပြုပြီး ဗုံး (၁၇၅)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

 

ယမန်နေ့ ဖေဖော်ဝါရီလ (၁၅)ရက်က နောင်ချိုမြို့နယ်အတွင်းရှိ နာဆွေကျေးရွာ၊ အုမ္မတီး ကျေးရွာ၊ ညောင်နီကျေးရွာနဲ့ တောင်ရွှေကျေးရွာတို့ကို တောင်ခမ်းစခန်းရှိ ခမရ(၄၀၆)၊ တပ်ရင်း (၃၅၄) နဲ့ တပ်ရင်း (၉၀၂)တို့မှ လက်နက်ကြီး အလုံးရေ (၁၃၇)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နေ့လယ်(၂း၀၃)နာရီ အချိန်တွင် စစ်ကောင်စီတပ်မှ Y-12 လေယာဥ်နဲ့ နာဆွေကျေးရွာအတွင်းသို့ နောက်ထပ် ဗုံး(၃၈)လုံး လာရောက်ကြဲချခဲ့တယ်လို့ သိရပါတယ်။

 

တရုတ်အစိုးရဲ့ ကြားဝင်စီစဥ်မှုနဲ့ လက်ရှိပြဿနာဖြေရှင်းဖို့ TNLA နဲ့ စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးရန် တရုတ်နိုင်ငံ ကူမင်းမြို့ကို ရောက်ရှိချိန်မှာဘဲ စစ်ကောင်စီဘက်က TNLA ထိန်းချုပ်နယ်မြေအတွင်းကို လာရောက်ဗုံးကြဲတိုက်ခိုက်တာဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၀)ရက်နေ့က မိုးကုတ်မြို့ အနောက်ပိုင်းကို စစ်ကောင်စီက လေကြောင်းကို အသုံးပြုပြီး ဗုံး (၂၀)ခန့် လာရောက်ကြဲချ တိုက်ခိုက်တာကြောင့် ဒေသခံ(၅)ဦး သေဆုံးခဲ့ပြီး (၁၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။