ယမန်နေ့ (၂၉.၄.၂၀၂၄) ရက်နေ့ ညနေ (၄) နာရီခန့်တွင် သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စု ဝိန်းလုံရွာအား စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
လေယာဉ် (၃) စင်းဖြင့် ခြောက်ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ပြည်သူလူထုနေအိမ် (၅) လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်ဟုသိရသည်။
“ တိုက်ပွဲဖြစ်နေတာမဟုတ်ဘဲ ရုတ်တရက်လေယာဉ်(၃)စီးရောက်ချလာပြီး ဗုံးလာကြဲတာဆိုတော့ ရွာသူရွာသားတွေ ရွာထဲမှာပဲရှိနေကြသေးတယ်။ ကံကောင်းထောက်မပြီး ထိခိုက်ဒဏ်ရာရတဲ့သူမရှိပေမယ့် အိမ်တွေတော့ (၅) လုံးလောက်ပျက်စီးသွားတယ်” ဟု စစ်ဘေးရှောင်စခန်းကိုရောက်ရှိလာသည့် ဝိန်းကောင်ရွာခံတစ်ဦးက ပြောသည်။
လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ဝိန်းကောင်ရွာသူရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သတင်းရရှိသည်။
