ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စစ်ပွဲတွေအစား ငြိမ်းချမ်းရေး ဆွေးနွေးချိန်တန်ပြီဟု စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော်က မေတ္တာရပ်ခံ

စစ်ပွဲတွေအစား ငြိမ်းချမ်းရေး ဆွေးနွေးချိန်တန်ပြီဟု စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော်က မေတ္တာရပ်ခံ

Hsan Loi Editor
03/10/2025
Share:
မြန်မာနိုင်ငံဟာ လွပ်လပ်ရေးရပြီးချိန်မှစပြီး ယနေ့ထိတိုင် တိုင်းရင်းသား တန်း တူညီမျှ မရှိမှုပြဿနာ၊ ပင်လုံကတိကဝတ်ပြဿနာ၊ လူမျိုးစု ပဋိပက္ခပြဿနာများကြား ပြည်တွင်းလက်နက်ကိုင်အချင်းချင်း စစ်ပွဲများ အတောမသတ် ဆင်နွှဲခဲသည်မှာ ယနေ့ထိတိုင် ပြည်သူပြည်သားများ သိရှိပြီးဖြစ်လို့ စစ်ပွဲတွေအစား ငြိမ်းချမ်းရေး ဆွေးနွေးချိန်တန်ပြီလို့ စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော်က မေတ္တာရပ်ခံထားပါတယ်။
May be an image of text
IBEC ဆရာတော်၏ မေတ္တာရပ်ခံချက်ကို ယမန်နေ့ အောက်တိုဘာလ ၂ ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် အောက်တိုဘာ လ အထိ မြန်မာနိုင်ငံသားများ အချင်းချင်း လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲကြသဖြင့် လူငယ်များစွာ သေကြေပျက်စီးကာ တိုင်းပြည်ရဲ့အနာဂတ်နဲ့ နိုင်ငံ၏ အခြေခံ
အရင်းအမြစ်များလည်း ဆုံးရှုံးလျက်ရှိပြီး မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းက အနိုင်ရသည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ
အမြဲတစေ ဆုံးရှုံးနေရ သည်မှာ ပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်များသာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြတ်ဗုဒ္ဓ၏တရားတော်အရ ရန်ကိုရန်ချင်း တုံ့ပြန်နှင်းပြီး အချင်းချင်းသတ်ဖြတ် ကြပါက ဘယ်သော အခါမှ စစ်ပွဲတွေ ပြီးဆုံးမှာ မဟုတ်ကြောင့် လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးဖြစ်ကြတဲ့ စစ်တပ်၊ KIA၊ AA၊ KNU၊ MNDAA၊ TNLA၊ UWSA၊ PDF အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အသီးသီး အနေဖြင့် စစ်ပွဲများနဲ့ အချင်းချင်းသတ်ဖြတ်မှုကို ရပ်တန့်ကာ ငြိမ်းချမ်းရေးစကားဝိုင်းဖြင့် အမိနိုင်ငံကို ပြန်လည်တည်ဆောက် ကယ်တင်ကြရန် IBEC ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ အရှင်သောဘိတ က တောင်းဆိုထားပါတယ်။