အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စစ်တပ်နဲ့ လက်ရှိရထားတဲ့ စစ်ရေးရပ်စဲရေး သဘောတူညီချက်ဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မဟုတ်သေးဘူးလို့ MNDAA စစ်ဦးစီးမှူးချုပ်ပြော

စစ်တပ်နဲ့ လက်ရှိရထားတဲ့ စစ်ရေးရပ်စဲရေး သဘောတူညီချက်ဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မဟုတ်သေးဘူးလို့ MNDAA စစ်ဦးစီးမှူးချုပ်ပြော

Hsan Loi Editor
27/10/2025
Share:
စစ်တပ်နဲ့ လက်ရှိရရှိထားတဲ့ စစ်ရေးရပ်စဲရေး သဘောတူညီချက်သည် အဆင့်ဆိုင်ရာ ရလဒ်တစ်ခုသာ ဖြစ်ပြီး နောက်ဆုံးငြိမ်းချမ်းရေး မဟုတ်သေးဘူးဆိုတာ အားလုံးသိရှိရမှာဖြစ်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိရန် အလှမ်းဝေးနေဆဲဖြစ်တယ်လို့ ကိုးကန့်တပ် MNDAA စစ်ဦးစီးမှူးချုပ် က ပြောပါတယ်။
May be an image of text
အောက်တိုဘာလ ၂၅ ရက်မှာ ကျင်းပတဲ့ MNDAA ရဲ့ အပတ်စဥ်(၁) ကေဒါများ အလှည့်ကျသင်တန်း ဆင်းပွဲမှာ အထက်ပါအတိုင်းပြောကြားခဲ့တာဖြစ်ပြီး တပ်သားအားလုံးအနေနဲ့ အမြဲသတိရှိဖို့နဲ့ မဟာဗျူဟာကျ သိရှိနားလည်ဖို့လိုတယ်လို့ တိုက်တွန်းထားပါတယ်။May be an image of one or more people and text
“ ၁၀၂၇” စစ်ဆင်ရေး စတင်ခဲ့တဲ့ ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းကို ပြန်လည်သုံးသပ်ပြီး လက်ရှိ ရရှိထားသော စစ်ရေးရလဒ်များဟာ မရေမတွက်နိုင်တဲ့ တပ်ဖွဲ့ဝင်များရဲ့ သွေးချွေး၊ အသက်ပေးခဲ့ရမှုနဲ့ ရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အနာဂတ်အတွက် မဟာဗျူဟာကျကျ စီစဉ်ဆောင်ရွက်တဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပြီး အနာဂတ်၏ ရှုပ်ထွေးတဲ့ စစ်ပွဲများနဲ့ တိုက်ပွဲများကို ရင်ဆိုင်နိုင်ပြီး ရဲရင့်စွာတိုက်ခိုက် အောင်ပွဲခံနိုင်တဲ့ အရိုးခံ အင်အားစုတစ်ရပ် ဖန်တီးရန် ရည်ရွယ်ပြီး ကေဒါများအလှည့်ကျ သင်တန်းကို ၆၆ ရက်ကြာ သင်တန်းပို့ချတာဖြစ်ကာ အထူးဒေသ လုံခြုံရေးအခြေအနေ ရှုပ်ထွေးပြီး ကြပ်တည်းတဲ့ အချိန်မှာ ကျင်းပတာဖြစ်တယ်လို့ The Kokang သတင်းမှာ ဖော်ပြထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ် MNDAA အနေနဲ့ သျှမ်းပြည်မြောက်ပိုင်းရှိ လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မုန်းကိုး၊ ပန်ဆိုင်း၊ ဖောင်းဆိုင်၊ တာမိုးညဲ စတဲ့မြို့တွေ သိမ်းပိုက်နိုင်ခဲ့ပြီး တရုတ်ဖိအားကြောင့် လားရှိုးမြို့ကို ပြီးခဲ့တဲ့ ဧပြီလလယ်က စစ်ကောင်စီထံ ပြန်လည်လွဲပေးခဲ့ရတာပဲဖြစ်ပါတယ်။