လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စစ်တပ်ထဲ ဝင်ရောက်တာဝန်ထမ်းဆောင်ကြသူတွေဟာ ကိုယ့်သဘောဆန္ဒနဲ့ ဝင်ရောက်လာကြသူတွေဖြစ်တယ်လို့ စစ်ခေါင်းဆောင်ပြော

စစ်တပ်ထဲ ဝင်ရောက်တာဝန်ထမ်းဆောင်ကြသူတွေဟာ ကိုယ့်သဘောဆန္ဒနဲ့ ဝင်ရောက်လာကြသူတွေဖြစ်တယ်လို့ စစ်ခေါင်းဆောင်ပြော

Hsan Loi Editor
21/01/2026
Share:
ပြည်တွင်းရှိ လူငယ်လူရွယ်တွေကို ပုံစံအမျိုးမျိုးနဲ့ ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်အုပ်စုက စစ်တပ်ထဲသို့ ဝင်ရောက်တာဝန်ထမ်းဆောင်ကြသူတွေဟာ ကိုယ့်သဘောဆန္ဒအလျောက် ဝင်ရောက်လာကြသူတွေ ဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် က အရှက်မဲ့ပြောကြားခဲ့ပါတယ်။
ဇန်နဝါရီ ၁၉ ရက်နေ့က သျှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ ကြိဂံဒေသတိုင်းစစ်ဌာနချုပ်မှာ တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုတွေနဲ့ တွေ့ဆုံချိန်မှာ စစ်ခေါင်းဆောင်က ထိုသို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
May be an image of dais, crowd and text
နိုင်ငံတော်ကို ကာကွယ်လိုတဲ့စိတ်နဲ့ ဝင်ရောက်လာကြတဲ့ တပ်မတော်သား အားလုံးကို မိမိအနေနဲ့ အသိအမှတ်ပြုသလို တပ်သားတွေရဲ့ ဝတ်စားဆင်ယင်မှုမှအစ စားသောက်နေထိုင်ရေးအထိ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး အဲ့လိုလုပ်ဆောင်ပေးတာဟာ မိမိတို့ သဘောဆန္ဒအလျောက် တပ်ထဲဝင်ရောက် လာတဲ့ စိတ်ဓာတ်ကို အသိအမှတ်ပြုတာဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒါ့အပြင် “အမြဲတိုက်ပွဲဝင် အသင့်ဖြစ်စေရေး ကိုယ်ခန္ဓာကြံ့ခိုင်မှု ရှိရန်လိုအပ်ပြီး ရဲစွမ်းသတ္တိရှိရန်လည်း ဆောင်ရွက်နေရန်လိုမယ်၊ သင်ကြားထားတဲ့ စစ်အတတ်ပညာတွေကို စစ်မြေပြင်မှာ အပြည့်အဝ အသုံးချနိုင်ရန် လိုတယ်” လို့ ဆိုပါတယ်။
တကယ့်လက်တွေ့မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီး အရွယ်ရောက်ပြီး လူငယ်/ လူရွယ်တွေကို အဓမ္မ စစ်မှုထမ်းခိုင်းတာ၊ ပေါ်တာဆွဲဖမ်းဆီးတာတွေ စစ်မှုထမ်းစာရင်းပါသူတွေကို အိမ်တိုင်ရာရောက် ဖမ်းဆီးခေါ်ဆောင်တာတွေ လုပ်ဆောင်လေ့ရှိပါတယ်။
ဒါ့အပြင် စစ်မှုထမ်းနာမည်စာရင်းပါရှိပြီး မလိုက်နိုင်ပါက ငွေကြေး သိန်းဆယ်ချီ ပေးဆောင်ရတာ ရှိသလို စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံရသူတွေကိုတော့ ရက်တိုတိုသင်တန်းတွေပေးပြီး ရှေ့တန်း စစ်မြေပြင် သို့ ပို့ဆောင်ကာ တိုက်ပွဲအတွင်း အသက်ဆုံးရှုံးတာတွေလည်း များစွာရှိတယ်လို့ သိရပါတယ်။