ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စစ်တပ်က တိုင်းပြည်အာဏာထိန်းချုပ်လိုက်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ရပ်တန့်သွားစေခဲ့ဟု RCSS ထုတ်ပြန်

စစ်တပ်က တိုင်းပြည်အာဏာထိန်းချုပ်လိုက်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ရပ်တန့်သွားစေခဲ့ဟု RCSS ထုတ်ပြန်

Hsan Loi Editor
17/10/2025
Share:
စစ်တပ်က တိုင်းပြည်အာဏာအား ထိန်းချုပ်လိုက်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ရပ်တန့်သွား စေခဲ့ပြီး NCA အကောင်အထည်ဖော်ခြင်းကို ရည်မှန်းထားတဲ့အတိုင်း မဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်တယ်လို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ယနေ့မှာ ထုတ်ပြန်ကြေညာ ထားပါတယ်။May be an image of text
ဒါ့အပြင်နှစ်ဦးနှစ်ဖက်အကြားယုံကြည်မှု မတည်ဆောက် နိုင်တာ၊ သဘောတူစာချုပ်အတိုင်း အကောင်အထည်မဖော်နိုင်တာ၊ အစိုးရက EAOs များအား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် ရောက်ရှိအောင် ဖိအားပေးလုပ် ဆောင်တာနဲ့ တိုင်းပြည်ပြောင်းလဲရေးအတွက် အစိုးရအနေနဲ့ စိတ်အားထက်သန်မှုနည်းပါးတာ ဖြစ်တယ်လို့ဆိုပါတယ်။
May be an image of text that says '၄.၃ ဆွေးနွေးပွဲသို့ နိုင်ငံတကာအား အသိသက်သေများအဖြစ် ပါဝင်တက်ရောက်စေခြင်း၊ ၄၅ နိုင်ငံရေးဆွေးနွေးပွဲတွါဲ ဖက်ဒရယ်မူကို ခိင်ရေးဆွေးနွေးပွင်ကေရကေ်မ်မှုံ အဓိကထားပြီး ဆွေးဆွေးခြင်း၊ . နိုင်ငံရေးဆွေးနွေးပွဲမှ ရရှိလာသည့် သဘောတူညီချက်များကို လွှတ်တော်သို့ တင်သွင်း ១ ဥပဒေအဖြစ် ဥပဒေအဖြစ်အတည်ပြုပြဌာန်းခြင်း ၅။ NCA ၏အနှစ်သာရဖြစ်သည့် ဖက်ရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အဖက်ဖက်မှ ဆွေးနွေးခြင်းနည်းလမ်းဖြင့် တွေ့ဆုံအကောင်အထည်ဖော်သွားကြပါရန် ကြပါရန် တိုက်တွန်း သည်။ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဆောင်ကော်မတီ သျှမ်းပြည်ပြန်လည်ထုထောင်ရေးကောင် ဆက်သွယ်ရန်- ၁။ ဗိုလ်မှူုး ဗိုလ်မှူးခမ်းစံ- ခမ်းစံ- + Gçe ၇၀၄ ၀၆၁ ၂။ ဒုတိယ ဗိုလ်မှူးကြီ ဒုတိယဗိုလ်မှူးကြီးအုမ်ခေး ਸਾ းကြး အုမ်ခေး- + ၆၃၁ ၂၈၈ ၉၄၅ +၉၅ จ ၀၄၁ ၇၃၆၀ မာ်းလိုင်းရွုတီလိမ်းမယ်ယစ ငင်းလိုင်းလွတ်လင်၊ FIOITMLNDIO'
အနာဂတ် ငြိမ်းချမ်းရေးလုပ်ငန်းစဥ် အောင်မြင်ရေးအတွက် စစ်တပ်အနေနဲ့ EAOs များနဲ့ ယုံကြည်မှု တည်ဆောက်ခြင်း ပြန်လည်ဖော်ဆောင်ရန်၊ စစ်တပ်နဲ့ EAOs များ ဆွေးနွေးသဘောတူညီချက်များ ဦးစွာရယူပြီး နိုင်ငံရေးပါတီများ ပါဝင်ဆွေးနွေးရန်၊ နိုင်ငံတကာအသိသက်သေများ ပါဝင်တက်ရောက်စေရန်၊ ဖက်ဒရယ်မူကို အဓိကထား ဆွေးနွေးရန်နဲ့ သဘောတူညီချက်များကို လွတ်တော်သို့ တင်သွင်းပြီး ဥပဒေ အဖြစ်အတည်ပြုပြဋ္ဌာန်းရန် RCSS က အကြံပြုထားပါတယ်။
ယမန်နေ့ အောက်တိုဘာလ ၁၅ ရက်က နေပြည်တော်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ၁၀ နှစ်ပြည့် အခမ်းအနားကျင်းပပြီး ထိုပွဲကို RCSS မှ ကိုယ်စားလှယ်အဖွဲ့သာ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။