နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံချိန် မိုင်းလားဒေသအတွင်းမှာ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးအဖွဲ့အစည်း လက်ခံထားခြင်းမရှိဘူးလို့ NDAA မိုင်းလား ဒုဥက္ကဋ္ဌ ပြော

စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံချိန် မိုင်းလားဒေသအတွင်းမှာ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးအဖွဲ့အစည်း လက်ခံထားခြင်းမရှိဘူးလို့ NDAA မိုင်းလား ဒုဥက္ကဋ္ဌ ပြော

Hsan Loi Editor
26/05/2025
Share:

 

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)မှ ဒုဥက္ကဋ္ဌ ဦးစန်ပေ့ က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ မိုင်းလားဒေသအတွင်း မည့်သည့် လက်နက်ကိုင် အဖွဲ့အစည်းနဲ့ မည်သည့် နိုင်ငံရေးအဖွဲ့အစည်းကိုမှ လက်ခံထားတာမရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။

 

ယမန်နေ့ မေလ ၂၅ ရက် ကျိုင်းတုံမြို့နယ်အခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံချိန် NDAA ဒုဥက္ကဋ္ဌက အခုလို ပြောဆိုတာပဲဖြစ်ပါတယ်။

 

ဒါ့အပြင် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ပိုမိုမြန်ဆန် ချောမွေ့စေရေးအပြင် ပညာရေး ကဏ္ဍနဲ့ ကျန်းမာရေးကဏ္ဍ တွေမှာလည်း ဆက်လက်ကူညီဆောင်ရွက်ပေးစေလိုကြောင်းပြောပါတယ်။

 

စစ်ကောင်စီအနေနဲ့ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ဆောင် ရွက်သွားရမှာဖြစ်ပြီး ရာဘာအခြေခံတဲ့ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တာ ထောက်ပံ့ပေးမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

 

NDAA မိုင်းလားအဖွဲ့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) မှ ခွဲထွက်လာပြီး ၁၉၈၉ ခုနှစ် ဇွန်လမှာ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးရယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားကို အထူးဒေသ ၄ အဖြစ် စစ်ကောင်စီက သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။