ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး

စစ်ကော်မရှင်ရဲ့ နောက်ဆုံးပိုင်း ရွေးကောက်ပွဲကို သျှမ်းပြည်နယ်မှ မြို့နယ် ၉ မြို့နယ်မှာ စတင်ကျင်းပ

စစ်ကော်မရှင်ရဲ့ နောက်ဆုံးပိုင်း ရွေးကောက်ပွဲကို သျှမ်းပြည်နယ်မှ မြို့နယ် ၉ မြို့နယ်မှာ စတင်ကျင်းပ

Hsan Loi Editor
26/01/2026
Share:
စစ်ကော်မရှင်က ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း ၃ ဖြစ်တဲ့ နောက်ဆုံးပိုင်းကို ဒီကနေ့ ဇန်နဝါရီလ ၂၅ ရက်မှာ သျှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၉ မြို့နယ်မှာ စတင်ကျင်းပနေပြီဖြစ်ပါတယ်။
သျှမ်းပြည်နယ်အတွင်းက မြို့နယ် ၉ မြို့နယ်ကတော့ မက်မန်း၊ ပင်လောင်း၊ ညောင်ရွှေ၊ ဖယ်ခုံ၊ မိုးနဲ၊ ကျေးသီး၊ မိုင်းရှူး၊ သီပေါနဲ့ ကျောက်မဲတို့ပဲဖြစ်ပါတယ်။
အခုကျင်းပတဲ့ ရွေးကောက်ပွဲအပိုင်း ၃ မှာ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) SNDPက မိုးနဲမြို့နယ်မှာ ပြိုင်ဖက်မရှိသဖြင့် ပြည်သူ့လွှတ်တော်အမတ်နေရာမှာ ကြိုတင်အနိုင် ရရှိထားပါတယ်။
ဒါ့အပြင် ဖယ်ခုံ၊ ကျောက်မဲနဲ့ မက်မန်း စတဲ့ ၃ မြို့နယ်တို့မှာလည်း ပြိုင်ဖက်မရှိလို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က ပြည်သူ့လွှတ်တော် အမတ်နေရာမှာ အနိုင်ရရှိထားတာ ဖြစ်တယ်လို့ UEC ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၃ ကို နိုင်ငံတဝန်းလုံး မြို့နယ် ၆၃ မြို့နယ် ကျင်းပမယ်လို့ အစောပိုင်းက ကြေညာ ထားပေမယ့် ကချင်ပြည်နယ်က မံစီနဲ့ မိုးမောက်မြို့နယ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်က UEC က ထုတ်ပြန်ထားတာဖြစ်တဲ့အတွက် မြို့နယ် ၆၁ မြို့နယ်မှာပဲ ကျင်းပနိုင်တာဖြစ်ပါတယ်။
Photo – Credit to owner (မိုးနဲနယ်မှာ ဆန္ဒမဲပေးနေကြတဲ့ ပြည်သူများ)