တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော 

စစ်ကော်မရှင်တပ်က KIA ထိန်းချုပ်နေမြေထဲ လေကြောင်းနဲ့ ၃ ရက်ဆက်တိုက်ဗုံးကြဲ ပြည်သူထိခိုက်သေဆုံးမှုရှိ

စစ်ကော်မရှင်တပ်က KIA ထိန်းချုပ်နေမြေထဲ လေကြောင်းနဲ့ ၃ ရက်ဆက်တိုက်ဗုံးကြဲ ပြည်သူထိခိုက်သေဆုံးမှုရှိ

Hsan Loi Editor
24/02/2026
Share:
စစ်ကော်မရှင်တပ်က ကချင်ပြည်နယ်အတွင်းက KIA ထိန်းချုပ်နယ်မြေထဲ လေကြောင်းနဲ့ ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူထိခိုက်သေဆုံး ဒဏ်ရာရရှိနေတယ်လို့ သိရပါတယ်။
No photo description available.
ဒီကနေ့ ဖေဖော်ဝါရီလ ၂၃ ရက် နံနက်အစောပိုင်း ၁ နာရီဝန်းကျင်းက ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာဘက်မှာ ဗုံး ၃ လုံးကြဲချသွားတယ်လို့ သိရပါတယ်။
No photo description available.
အလားတူ ဒီကနေ့ နံနက် ၁၁ နာရီကျော်အချိန်မှာလည်း မိုးမောက်မြို့နယ်၊ မြို့သစ်အုပ်စု၊ မင်းဂျမ်းရှမ်းဘဘုန်းကြီးကျောင်းနဲ့ ရွှေမော်လုပ်ကွက်တွေကို စစ်ကော်မရှင်က လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ကချင်ဒေသတွင်း သတင်း ရင်းမြစ်ထံမှ သိရပါတယ်။
No photo description available.
ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည ၁၁ နာရီခွဲဝန်းကျင်အချိန်မှာ KIA တပ်မဟာ(၃) နယ်မြေအတွင်းရှိ မိုးမောက်မြို့နယ်၊ ဘွမ်ကထောင်ကျေးရွာသို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီး လူနေအိမ်ပေါ်သို့ ဗုံးကြဲချတာကြောင့် အသက် ၇၈ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး နေရာမှာတင် သေဆုံးခဲ့ပြီး အရပ်သား ပြည်သူအချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရပါတယ်။
May be an image of fire and lumberyard
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကလည်း တစ်ရက်ထဲအတွင်းမှာ KIA တပ်မဟာ (၉၊ ၈၊ ၂၊ ၃၊ ၅) စတဲ့နယ်မြေတွေကို စစ်ကော်မရှင်က လေကြောင်းကနေ ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မြစ်ကြီးနားလေဆိပ် တိုက်ခိုက်ခံရခြင်းနဲ့ ဗန်းမော်မြို့နယ် တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ အထိနာ နေတာကြောင့် အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းမှ တုံ့ပြန်တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာနိုင်တဲ့အတွက် ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများအနေနဲ့လည်း လေကြောင်း အန္တရာယ်ကို အထူးသတိပြုကြရန်နဲ့ လုံခြုံရေးအသိဖြင့် နေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားပါတယ်။