တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ ပထမဆုံးရောက်လာတဲ့ ဘယ်လာရုစ်အဖွဲ့

စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ ပထမဆုံးရောက်လာတဲ့ ဘယ်လာရုစ်အဖွဲ့

Hsan Loi Editor
27/12/2025
Share:
မကြာခင် ရက်ပိုင်းမှာ ကျင်းပတော့မယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအား လေ့လာစောင့်ကြည့်ရန် အတွက် ယမန်နေ့ ညနေပိုင်းက ဘယ်လာရုစ်နိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ မစ္စတာ အလက်ဇီဘာရှန် ဦးဆောင်တဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ဟာ ရန်ကုန်မြို့သို့ ရောက်ရှိလာတယ်လို့ စစ်ကောင်စီထုတ် သတင်းစာမှာ ဖော်ပြထားပါတယ်။
ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ ရောက်လာတဲ့ နိုင်ငံတကာအဖွဲ့ထဲမှာ ဘယ်လာရုစ်အဖွဲ့က ပထမဆုံး ရောက်ရှိလာတာပဲဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အိန္ဒိယ၊ ရုရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ လာအို၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်နဲ့ နီပေါနိုင်ငံတို့ကလည်း လေ့လာစောင့်ကြည့်ဖို့ စာရင်းပေးထားတယ်လို့ သတင်းရင်းမြစ်ထံမှ သိရပါတယ်။
ယခုကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုမရှိတဲ့အတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်းနဲ့ တော်လှန်ရေးအင်အားစုများက ကန့်ကွက်ထားကြပါတယ်။
အခုလာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း(၁)ကို မြို့နယ် ၁၀၂ မြို့နယ် မှာ စတင်ကျင်းပသွားတော့မှာဖြစ်ပါတယ်။
နိုင်ငံတဝန်းလုံးရှိ မြို့နယ် ၃၃၀ ရှိတဲ့အနက် ရွေးကောက်ပွဲ မကျင်းနိုင်တဲ့ မြို့နယ် ၅၆ ခုရှိကာ ရွေးကောက်ပွဲ ကျင်းပမယ့် မြို့နယ် ၂၀၂ မြို့နယ်ထဲမှာရှိတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၂၉၃၁ ခုမှာလည်း ရွေးကောက်ပွဲ ပြုလုပ်နိုင်မှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအစောပိုင်းက စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။