ယမန်နေ့ (၁.၄.၂၀၂၄) ရက်နေ့ က သျှမ်းပြည်နယ် တန့်ယန်းမြို့နယ် ဒေသခံတောင်သူလယ်သမားများစုပေါင်းပြီး စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအား ဆန့်ကျင်ကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။
၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် စစ်ကောင်စီတပ်ဘက်က အသက်သွင်းလာသည့် စစ်မှုထမ်းဥပဒေကြောင့် တန့်ယန်းမြို့နယ်အတွင်း အရွယ်ရောက်သူများ စာရင်းကောက်ယူနေသည့်အတွက် အဆိုပါလုပ်ရပ်အား ဆန့်ကျင်ကြောင်း ဖော်ပြထားသည်။
