သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

စစ်ကောင်စီ၏တရားမဝင်အတုယောင်ရွှေးကောက် ပွဲကို ဆန့်ကျင်ကြရန် S.S.L.R.U တပ်ဖွဲ့ဝင်များတိုက် တွန်း ဆန္ဒပြ 

စစ်ကောင်စီ၏တရားမဝင်အတုယောင်ရွှေးကောက် ပွဲကို ဆန့်ကျင်ကြရန် S.S.L.R.U တပ်ဖွဲ့ဝင်များတိုက် တွန်း ဆန္ဒပြ 

Hsan Loi Editor
19/01/2023
Share:

 

စစ်ကောင်စီ၏တရားမဝင်အတုယောင်ရွေးကောက် ပွဲ ကျင်းပရန် ကြိုးပန်းနေမှုကိုလူထုအားနှင့် တိုက်ဖျက်ဆန့်ကျင်ကြရန်သျှမ်းပြည်တောင်ပိုင်းအခြေ စိုက် (S.S.L.R.U )ရှမ်းတောင်ဒေသခံ တော်လှန်ရေး တပ်ပေါင်းစုက ဇန်နဝါရီလ ၁၈ရက် မနက်ပိုင်းတွင် ဆန္ဒဖော်ထုတ်ခဲ့ကြောင်းသိရသည်။

 

စစ်ကောင်စီ၏နိုင်ငံရေးထွက်ပေါက်တစ်ခုဖြစ်သော ရွေးကောက်ပွဲပြုလုပ်ရန်ကြိုးပမ်းနေခြင်းသည် နိုင် ငံတ ကာမှ အသိမှတ်ပြုခြင်းမရှိသည့်အပြင် တိုင်း ရင်းသားပြည်သူလူထုအနေဖြင့်လည်း အယုံကြည်မရှိကြောင်း ထို့ကြောင့် လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲတို့ဖြင့် ဆန့်ကျင်ကြရန်သျှမ်းတောင်ဒေသခံ တော်လှန်ရေးတပ်ပေါင်းစုက ထုတ်ပြန်ထားသည်။

 

“ တရားမဝင်သောအတုအယောင်ရွေးကောက်ပွဲလူထုအားနဲ့တိုက်ဖျက်ကြ ၊ သွေးစွန်းသည့်ရွေး ကောက်ပွဲဆန့်ကျင်ကြ ပြည်သူ့အရေးတော်ပုံအောင်ရမည်” ဟု သျှမ်းတောင်ဒေသခံ တော် လှန်ရေးတပ်ပေါင်းစုက က တိုက်တွန်းထား သည် ။

 

သျှမ်းတောင်ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (S.S.L.R.U)ကို အောက်တိုဘာလ ၂၄ရက်တွင် တော်လှန်ရေး တပ်ပေါင်းစု၆ ဖွဲ့ဖြင့် စတင်ပူးပေါင်းဖွဲ့စည်းခဲ့ကြပြီး တပ်ပေါင်းစုများမှာ Joe Phyu Guerrilla Force ၊ Ye-Ngan Urban Guerrillas ၊ Force 36 Ranger၊ Urban Task Force Aung Ban၊ Red Ants Guerrilla Force ၊ Shan Yoma (SYW UGPDF)တို့ဖြစ်ကြသည် ။