စစ်ကောင်စီ၏တရားမဝင်အတုယောင်ရွေးကောက် ပွဲ ကျင်းပရန် ကြိုးပန်းနေမှုကိုလူထုအားနှင့် တိုက်ဖျက်ဆန့်ကျင်ကြရန်သျှမ်းပြည်တောင်ပိုင်းအခြေ စိုက် (S.S.L.R.U )ရှမ်းတောင်ဒေသခံ တော်လှန်ရေး တပ်ပေါင်းစုက ဇန်နဝါရီလ ၁၈ရက် မနက်ပိုင်းတွင် ဆန္ဒဖော်ထုတ်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီ၏နိုင်ငံရေးထွက်ပေါက်တစ်ခုဖြစ်သော ရွေးကောက်ပွဲပြုလုပ်ရန်ကြိုးပမ်းနေခြင်းသည် နိုင် ငံတ ကာမှ အသိမှတ်ပြုခြင်းမရှိသည့်အပြင် တိုင်း ရင်းသားပြည်သူလူထုအနေဖြင့်လည်း အယုံကြည်မရှိကြောင်း ထို့ကြောင့် လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲတို့ဖြင့် ဆန့်ကျင်ကြရန်သျှမ်းတောင်ဒေသခံ တော်လှန်ရေးတပ်ပေါင်းစုက ထုတ်ပြန်ထားသည်။
“ တရားမဝင်သောအတုအယောင်ရွေးကောက်ပွဲလူထုအားနဲ့တိုက်ဖျက်ကြ ၊ သွေးစွန်းသည့်ရွေး ကောက်ပွဲဆန့်ကျင်ကြ ပြည်သူ့အရေးတော်ပုံအောင်ရမည်” ဟု သျှမ်းတောင်ဒေသခံ တော် လှန်ရေးတပ်ပေါင်းစုက က တိုက်တွန်းထား သည် ။
သျှမ်းတောင်ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (S.S.L.R.U)ကို အောက်တိုဘာလ ၂၄ရက်တွင် တော်လှန်ရေး တပ်ပေါင်းစု၆ ဖွဲ့ဖြင့် စတင်ပူးပေါင်းဖွဲ့စည်းခဲ့ကြပြီး တပ်ပေါင်းစုများမှာ Joe Phyu Guerrilla Force ၊ Ye-Ngan Urban Guerrillas ၊ Force 36 Ranger၊ Urban Task Force Aung Ban၊ Red Ants Guerrilla Force ၊ Shan Yoma (SYW UGPDF)တို့ဖြစ်ကြသည် ။
