သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

စစ်ကောင်စီလေယာဉ်နဲ့ဗုံးကြဲလို့ သေဆုံးသွားတဲ့ ဖားဆောင်းအရပ်သား ၄ ဦး သဂြိုလ်အခမ်းအနား 

စစ်ကောင်စီလေယာဉ်နဲ့ဗုံးကြဲလို့ သေဆုံးသွားတဲ့ ဖားဆောင်းအရပ်သား ၄ ဦး သဂြိုလ်အခမ်းအနား 

Hsan Loi Editor
27/06/2023
Share:

 

ဇွန်လ ၂၅ ရက်နေ့က စစ်ကောင်စီဟာ တိုက်လေယာဉ်နဲ့ ကရင်နီပြည် (ကယားပြည်နယ်) ဖားဆောင်းဒေသထဲက နန်းကစ်ရွာကို ဗုံးကြဲချလိုက်ရာမှာ အရပ်သား ၄ ဦး ပွဲချင်းပြီးသေဆုံးသွားတဲ့အကြောင်း ကရင်နီပြည် တောထဲတောင်ထဲက စစ်ဘေးရှောင်တွေကြား အခမဲ့ဆေးကုပေးနေတဲ့ Free Burma Rangers အဖွဲ့ David Eubank ကဖော်ပြခဲ့ပါတယ်။

 

ကရင်နီပြည် တောင်ပိုင်းတောထဲမှာ စစ်ဘေးရှောင် ၆ ထောင်နီးပါးလောက် ပုန်းနေရကြဆဲဖြစ်တယ်လို့ဆိုပါတယ်။

 

ကရင်နီပြည်နယ်စပ်ကနေ ထိုင်းနိုင်ငံဘက်ခြမ်း မယ်ဟောင်ဆောင်ခရိုင်၊ တမ်းဘွန်းဆောင်ဟင် မယ့်စလင်းမြို့နယ်နဲ့ တမ်းဘွန်းမယ့်ငေါဝ်း ခွန်ယုံးမ်မြို့နယ်ထဲကို ထွက်ပြေးသွားကြတဲ့ စစ်ပြေးဒုက္ခသည်ဆိုရင် စုစုပေါင်း ၄၇၉၈ ဦး ရှိတယ်လို့ Bangkok Post က မနေ့က ဖော်ပြထားပါတယ်။

 

ထိုင်းနယ်စပ်အာဏာပိုင်များ၊ ထိုင်းကြက်ခြေနီအဖွဲ့တွေ၊ ပရဟိတအဖွဲ့တွေက လူသားချင်းစာနာထောက်ထားတဲ့ နေထိုင်စားသောက်ရေး၊ တကိုယ်ရေကျန်းမာရေး၊ ဘေးကင်းလုံခြုံရေး၊ သန့်ရှင်းတဲ့ရေရရှိရေး ကိစ္စတွေကို ပံ့ပိုး ကူညီပေးနေတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီဟာ Telenor၊ Ooredoo ဖုန်းလိုင်းတွေကိုလည်း ဖြတ်တောက်ထားသလို MPT ဖုန်းလိုင်းကိုတော့ အင်တာနက် ဖြတ်ထားပေမယ့် ဖုန်းလိုင်းတော့ ချန်ထားပေးတယ်လို့ ဒေသခံတချို့က Hsan Loi Voice ကို ပြောပါတယ်။

 

ကရင်နီပြည်တပ်မတော် KA နဲ့ KNDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ကလလတအဖွဲ့တွေ ပူးပေါင်းပြီး စစ်ကောင်စီကို ပြန်လည်ခုခံနေကြတာလို့ သိရပါတယ်။

 

ကရင်နီပြည်ဟာ မြန်မာနိုင်ငံမှာ အသေးငယ်ဆုံးပြည်နယ်တခုဖြစ်ပြီးတော့ စစ်တပ်ရဲ့ လေကြောင်းနဲ့ကုန်းကြောင်းကနေ ကြီးမားတဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ခံနေရတဲ့ ပြည်နယ်တခုဖြစ်ပါတယ်။