သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

စစ်ကောင်စီလက်နက်ထုတ်လုပ်ရေးစက်ရုံများအတွက် အထောက်အကူပြုပေးနေသော ကုမ္ပဏီများ အနည်းဆုံး ၄၅ ခုရှိနေဟုဆို

စစ်ကောင်စီလက်နက်ထုတ်လုပ်ရေးစက်ရုံများအတွက် အထောက်အကူပြုပေးနေသော ကုမ္ပဏီများ အနည်းဆုံး ၄၅ ခုရှိနေဟုဆို

Hsan Loi Editor
27/01/2023
Share:

 

စစ်ကောင်စီ၏လက်နက်ထုတ်လုပ်ရေးစက်ရုံအတွက် အထောက်အကူပြုပေးနေသော ကုမ္ပဏီများသည် အမေရိကန်၊ ရုရှား၊ ဂျာမဏီ၊ ပြင်သစ်၊ သြစတေးလျ၊ အစ္စရေး၊ ယူကရိန်း၊ တရုတ်၊ အိန္ဒိယ၊ တောင်ကိုးရီးယား၊ စင်္ကာပူနှင့် ထိုင်ဝမ်တို့မှ ကုမ္ပဏီများဖြစ်ကြောင်း သုတေသနစစ်တမ်းတခုက ဆိုသည်။

တက်နိုလိုရီပိုင်းဆိုင်ရာ လွဲပြောင်းပေးနိုင်ရေး အထောက်အကူပြုပေးသော ကုမ္ပဏီများအနေနှင့် စင်္ကာပူ၊ အစ္စရေး၊ တောင်ကိုးရီးယား၊ တရုတ်နှင့် ယူကရိန်းတို့မှ ကုမ္ပဏီများ ဖြစ်ကြသည်။

ကုန်ကြမ်း ရှာဖွေပေးနေသော ကုမ္ပဏီများသည် တရုတ်နှင့် စင်္ကာပူ ကုမ္ပဏီများဖြစ်သည်။

လိုအပ်သည့် အစိတ်အပိုင်းများ ရှာဖွေပေးနေသော ကုမ္ပဏီသည် အိန္ဒိယကုမ္ပဏီ ဖြစ်သည်။

စက်လက်နက် အစိတ်အပိုင်းများ တပ်ဆင်ခြင်းအတွက် အထောက်အကူပြုပေးနေသော ကုမ္ပဏီများတွင် ရုရှားနှင့် အိန္ဒိယတို့ အဓိကဖြစ်သည်။

စက်ပစ္စည်းပံ့ပိုးပေးနေသော ကုမ္ပဏီများမှာ ဂျာမဏီ၊ ဂျပန်၊ ထိုင်ဝမ်၊ အမေရိကန်၊ သြစတေးလျနှင့် ပြင်သစ်နိုင်ငံတို့မှ ကုမ္ပဏီများ ဖြစ်သည်။

လက်နက်အမျိုးအစား အမျိုးမျိုးဖြစ်သော လက်နက်ငယ်များ၊ ဗုံးများ၊ တင့်ကားနှင့် စစ်ရဟတ်ယာဥ်နှင့် ရေယာဥ်များထုတ်လုပ်မှုအဆင့်အထိ ဖြစ်သည်ဟု သိရပါသည်။

လက်နက်ထုတ်လုပ်ရေးစက်ရုံများသည် ရန်ကုန်မြို့၊ ပဲခူး မကွေးတို့တွင် ၁၉၈၈ ခုနှစ်ဝန်းကျင်မှစပြီး အနည်းဆုံး ၆ နေရာ၊ ၂၀၁၁ ခုနှစ်တွင် စက်ရုံ ၂၀၊ ၂၀၂၂ ခုနှစ်တွင် စက်ရုံ ၂၅ ခုအထိ တိုးလာ၍ ၂ နေရာသည် ဆောက်လုပ်ဆဲဖြစ်သည်ဟု သိရသည်။