ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊မှော်ဝမ်းရပ်ကွက် (၃)တွင် မေလ (၂၅) ရက်နေ့က စစ်ကောင်စီအဖွဲ့မှ KIA အရာရှိ (၂) ဦးအား ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ၎င်းတို့နှင့်အတူ ကျောက်စိမ်းအရိုင်းတုံး ၅၃.၉၂တန် ကိုလည်း သိမ်းဆည်းခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်၏ ဝင်ရောက်ဖမ်းဆီးခြင်းခံရသော KIA တပ်သားများသည် KIAတပ်ရင်း(၆)မှ အရာခံဗိုလ်အဆင့်ရှိ လဘုန်(ခ)ဒေါ့ဖုန်းနှင့် တပ်ကြပ်ကြီးအဆင့်ရှိ ဒိုင်ခေါင် တို့ဖြစ်သည်။
၎င်းတို့ (၂) ဦးနှင့်အတူ လိုင်ဇာသို့ ပို့ဆောင်မည့် ဆာလာအိတ်ဖြင့်ထုပ်ထားသော ကျောက်စိမ်းရိုင်း ၁၃၄၈ အိတ် (၅၃.၉၂)တန် သိမ်းဆည်းခံခဲ့ရကြောင်း သိရသည်။
photo credit & original uploader