သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်တို့က မိုင်းပျဉ်းမြိုနယ်ရှိ RCSS တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး ရန်သူ့ဖက်မှ (၅)ဦးသေဆုံးဟုဆို

စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်တို့က မိုင်းပျဉ်းမြိုနယ်ရှိ RCSS တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး ရန်သူ့ဖက်မှ (၅)ဦးသေဆုံးဟုဆို

Hsan Loi Editor
20/09/2024
Share:

 

သျှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြိုနယ်၊ ယင်းခမ်းရွာရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/သျှမ်းပြည်တပ်မတော်(RCSS/SSA) လှုပ်ရှားရှာနယ်မြေ တပ်စခန်းကို စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တို့က ယမန်နေ့ စက်တင်ဘာလ(၁၉)ရက် နံနက်ပိုင်း (၁၁)နာရီအချိန်မှာ လာရောက်တိုက်ခိုက်ကြောင်း Tai Freedom သတင်းဌာနမှ ထုတ်ပြန်ထားပါသည်။

 

ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့နယ်ရှိ RCSS တပ်စခန်းကို စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်တို့ အင်အား (၁ဝဝ)ခန့် လာရောက်တိုက်ခိုက်တာြဖစ်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားချိန် နာရီဝက်ခန့်ကြာကာ စစ်ကောင်စီဖက်မှ (၁)ဦးနှင့် ပြည်သူ့စစ် (၄)ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ထားပါသည်။

 

သျှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဥ်းမြို့နယ်မှာ RCSS/SSA လှုပ်ရှားရာနယ်မြေဖြစ်ပြီး တပ်စခန်း များစွာထားရှိကာ ယခုတိုက်ပွဲဖြစ်ပွားခြင်းသည် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ဖက်မှ အရင်ဆုံး လာရောက်တိုက်ခိုက်တာဖြစ်ကြောင်း သိရှိရပါသည်။