သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

စစ်ကောင်စီနှင့်ပူးပေါင်းပြီး PNO က သျှမ်းပြည်နယ်တောင်ပိုင်းရှိ ဒေသခံများအား အခြေခံစစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်မှုပြုလုပ်နေ

စစ်ကောင်စီနှင့်ပူးပေါင်းပြီး PNO က သျှမ်းပြည်နယ်တောင်ပိုင်းရှိ ဒေသခံများအား အခြေခံစစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်မှုပြုလုပ်နေ

Hsan Loi Editor
18/02/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ဒေသအတွင်းရှိ ဒေသခံပြည်သူများအား အတင်းအဓမ္မခေါ်ယူပြီး PNO အဖွဲ့က စစ်ကောင်စီအဖွဲ့နှင့်ပူးပေါင်းပြီး အခြေခံစစ်ပညာသင်တန်းပေးကာ လက်နက်တပ်ဆင်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

 

ပင်လောင်းမြို့နယ် ရင်းမှီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတွင်လည်း ယခုအပတ်တွင် ပင်လောင်းမြို့နယ်ရှိ ဒေသခံများအား ခေါ်ယူကာ (၁၅)ရက် အခြေခံစစ်ပညာသင်တန်းပေးနေသည်ဟု သိရသည်။ အဆိုပါသင်တန်းတွင် ထူးချွန်သူအချို့ကိုရွေးချယ်ကာ လက်နက်တပ်ဆင်ပေးပြီး သက်ဆိုင်ရာရာထူးအမျိုးမျိုးပေးအပ်ထားသည်ဟုဆိုသည်။

 

“PNO ကနေ တစ်ရွာကို (၆)ယောက်ကနေ (၁၀)ယောက်နှုန်းအထိ မဖြစ်မနေစစ်သင်တန်းတက်ရောက်ရမယ်လို့ ခေါ်လာတယ်။ အဲ့ဒါကြောင့် ကျေးရွာလူကြီးတွေက မဲနှိုက်ရွေးချယ်ပြီးတော့ မဲကျတဲ့သူတွေက သွားရတာပေါ့။ တချို့တွေက မသွားချင်ကြလို့ ထွက်ပြေးကြတာတွေလည်းရှိတယ်။ တချို့တွေကျတော့လည်း အဲ့ဒီစစ်သင်တန်းကနေ ပြန်လာရင် ရွာထဲကို လက်နက်တကားကားပြန်လာပြီး အာဏာပါဝါလာပြကြတယ်။”ဟု ပင်လောင်းမြို့နယ် ဒေသခံတစ်ဦးကပြောပြသည်။

 

အလားတူ ဖေဖော်ဝါရီလ(၁၇)ရက်နေ့ကလည်း သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PNO၏ အခြေခံစစ်ပညာသင်တန်း တက်ရောက်ပြီးသူများအား လက်နက်တပ်ဆင်ပေးခဲ့ သတင်းရရှိသည်။