စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ တအာင်း(ပလောင်)အမျိုးသားတပ်မတော် TNLAက မနေ့ (နိုဝင်ဘာလ ၂၅) မှာ အချက် ၅ ချက်ပါ ကြေငြာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
တအာင်းဒေသအတွင်း နေ့စဉ်ရက်ဆက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းအပါအဝင် ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒဏ် ဆိုးရွားစွာ ခံစားနေရတဲ့ ဒေသပြည်သူတွေရဲ့ အကျိုးကို ငဲ့ညှာထောက်ထား၍သော် လည်းကောင်း၊ နယ်စပ်တည်ငြိမ်ရေးနဲ့ တိုက်ပွဲရပ်စဲရေး ကြားဝင်ကြိုးပမ်းဆောင်ရွက်နေတဲ့ တရုတ်နိုင်ငံရဲ့ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြု ၍သော်လည်းကောင်း တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ TNLAက ထုတ်ပြန်ထားတာပါ ။