သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

စစ်ကောင်စီတပ် နေရာယူထားရာနှင့် ခပ်ဝေးဝေးနေကြရန် Federal Wings တပ်ဖွဲ့က ထပ်မံသတိပေး

စစ်ကောင်စီတပ် နေရာယူထားရာနှင့် ခပ်ဝေးဝေးနေကြရန် Federal Wings တပ်ဖွဲ့က ထပ်မံသတိပေး

Hsan Loi Editor
05/09/2023
Share:

 

၂၀၂၃ ခု၊ စက်တင်ဘာလ ၃ ရက်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ ထွေအုပ်ရုံးနှင့် ရဲစခန်းကို K.N.L.Aနှင့် Federal Wings တပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။

ယင်းကြောင့် ခလရ ၂၇၅ ယာယီတပ်ရင်းမှူး အောင်ကျော်မင်း၊ မြဝတီ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခရိုင်ထွေအုပ်ဦးစီး ဦးထွန်းထွန်းလင်း၊ ထွေအုပ်စာရေး ပြည့်ဖြိုးအောင်နှင့် ယာဉ်ထိန်းရဲအုပ် နေလင်းစိုးတို့ ပြင်းထန်ဒဏ်ရာရရှိသွားခဲ့ကြပြီး သေဆုံးသွားခဲ့ကြောင်း နှစ်ဖက်သတင်းများက ဖော်ပြခဲ့ကြသည်။

မိဘပြည်သူများအနေနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသော ရုံးများ၊ တပ်စခန်းများ၊ နေရာများနှင့် ခပ်ဝေးဝေး နေထိုင်ပေးကြရန် Federal Wings က ယမန်နေ့ညနေပိုင်း၌ ထပ်မံ သတိပေး ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ၊ မိသားစုဝင်များအနေဖြင့် ဝန်ထမ်းအိမ်ရာများမှလည်း အလျှင်အမြန်စွန့်ခွာထွက်သွားကြရန် အသိပေးထားသည်။

 


Ref: Federal Wings