သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်များကြောင့် ကားသမားများ ငွေနှင့်အချိန် ပိုမိုကုန်နေရ

စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်များကြောင့် ကားသမားများ ငွေနှင့်အချိန် ပိုမိုကုန်နေရ

Hsan Loi Editor
12/09/2023
Share:

 

၂၀၂၁ နှစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်သည် မြို့အဝင်အထွက်တိုင်းနီးပါး စစ်ဆေးရေးဂိတ်များထားရှိပြီး စစ်ဆေးနေသောကြောင့် ကားသမားများနှင့် ခရီးသွားပြည်သူများသာမက အနီးအနားဒေသခံများပါ အခက်အခဲ ကြုံတွေ့နေခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်များတွင် ငွေကြေးအနည်းငယ်ပေးဆောင်မှသာ လွယ်ကူစွာ ဖြတ်သွားဖြတ်လာ လုပ်နိုင်ကြပါသည်။ ခရီးသည်တင်ကားငယ်တစ်စီးသည် အနည်းဆုံးငွေကြေး ၂၀၀၀ အထက် ပေးဆောင်ရကြောင်း သိရပါသည်။

 

ခရီးသည်တင်ကားသမားတစ်ဦးက “မြို့တစ်မြို့ဝင်တော့မယ်ဆို အနည်းဆုံးစစ်ဆေးရေးဂိတ်တစ်ခု ရှိနေပါတယ်။ စစ်ဆေးရေးဂိတ်တွေမှာ ပိုက်ဆံအနည်းဆုံး ၂၀၀၀ ပေးရတယ်။ အဲ့လောက်မှမပေးရင်လဲ သူတို့ကရစ်ကြတာလေ။ ကားသမားကို ရစ်လို့မရရင် ခရီးသည်ကိုသွားရစ်တာ။ ဒါက သူတို့ထုံးစံလိုဖြစ်နေပြီ။” ဟုပြောပြပါသည်။

 

တစ်ခါတစ်ရံ ကားသမားများသည် စစ်ဆေးရေးဂိတ်များ၌ အရစ်ခံရသောကြောင့် ညနက်သွားကာ လမ်းမှာသာ ညအိပ်ရပ်နားခဲ့တာတွေလည်း ရှိသည်။

အဝေးသင်လာတက်သော ကျောင်းသားတစ်ဦးသည် “ ကျွန်တော်တို့က သြဂုတ်လလည်ကတည်းက စပြီး လာရတာလေ။ အဆောင်လာရှာရတာဆိုတော့ စောစောလာရတာပေါ့။ ကျောင်းကမဖွင့်သေးပဲကျောင်းလာတော့ တော်တော်ကိုစစ်ကြတာ။ မင်းတို့ကကျောင်းသားလား ဘာအလုပ်လုပ်တာလဲ။ တော်လှန်ရေးလုပ်တာလား။ ကျောင်းသားဆို ကျောင်းသားကတ်တွေပြခိုင်းတာ။ ကျောင်းလာတက်မဲ့ကျောင်းသားဆိုမှတော့ ကျောင်းသားကတ်ကဘယ်လိုလုပ်ရသေးမှာလဲ။ သူတို့က အဲ့ကတ်မရှိတော့ ရစ်ကြတာပေါ့။ အဓိကတော့ သူတို့ပိုက်ဆံလိုချင်တာပေါ့။” လို့ပြောပါတယ်။

 

တောင်ကြီးမြို့တွင် သြဂုတ်လကစပြီး အဝေးသင်ကျောင်းသားများကြောင့် ပိုမိုစည်ကားလာခြင်းကို စစ်ကောင်စီစစ်ဆေးရေးဂိတ်များက ကျောင်းသားကျောင်းသူများအား ပိုမိုစစ်ဆေးပြီး ငွေညစ်မှုများလည်း ပြုလုပ်နေကြောင်း ကျောင်းသားများထံမှ သိရပါသည်။

 

ကိုဗစ်လက်မှတ်၊ မှတ်ပုံတင်၊ ထောက်ခံစာတွေစုံနေသော်လည်း အရစ်ခံနေရတာကြောင့် ခရီးသွားပြည်သူများဟာ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ရောက်တိုင်း စိတ်အနှောင့်အယှက်တွေကြုံတွေ့ကြရသည်။

 

အွန်လိုင်းစျေးရောင်းကြသောသူများလည်း စစ်ဆေးရေးဂိတ်များ၌ ဖွင့်ဖောက်စစ်ဆေးခံရသောကြောင့် ပစ္စည်းများပျက်စီးဆုံးရှုံးမှုလည်းရှိပါသည်။ ဆင်းကတ်များ၊ ဖုန်းများကိုလည်း ခရီးသည်တင်ကားဖြင့် ပို့ဆောင်ပါက သိမ်းဆည်းခံရမှုများလည်းရှိကြောင်း သတင်းရရှိသည်။