သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

စစ်ကောင်စီတပ်မှ ဗုဒ္ဓဘာသာဘုန်းကြီးများနှင့် ပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်သည်ဟု KNDF ထုတ်ပြန်လာ

စစ်ကောင်စီတပ်မှ ဗုဒ္ဓဘာသာဘုန်းကြီးများနှင့် ပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်သည်ဟု KNDF ထုတ်ပြန်လာ

Hsan Loi Editor
13/03/2023
Share:

 

စစ်ကောင်စီတပ်သည် ၂၀၂၃ ခုနှစ် မတ်လ (၁၁) ရက်နေ့တွင် ပင်လောင်းမြို့နယ်ရှိ နမ်းနှိမ်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသော ရဟန်းနှင့် ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း KNDF မှ ဖော်ပြထုတ်ပြန်ထားသည်။

မတ်လ (၁၁) ရက်နေ့၊ ညနေခင်း (၄) နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သည် ပင်လောင်းမြို့နယ်ရှိ နမ်းနှိမ်ကျေးရွာ အနီးပတ်ဝန်းကျင်သို့ တိုက်လေယာဉ်နှင့် လက်နက်ကြီးများဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် ကျေးရွာသား (၃၀)ဦးနှင့် ဘုန်းကြီး (၃)ပါးတို့အား ခိုအောင်းရာမှာ ထွက်စေခဲ့ပြီး ကျောင်းတော် နံရံဘက်ရှေ့တွင်ပင် ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း ၎င်းတို့ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုဖြစ်စဉ်ကို ကျူးလွန်သော စစ်ကောင်စီတပ်များ ကျေးရွာအတွင်းသို့ ဝင်ရောက်စဥ်တွင် KNDF, PDF, KAတို့ မလှမ်းမကမ်းမှ ကင်းထောက်တွေ့ရှိခဲ့သော်လည်း စစ်ကောင်စီတပ်ဘက်မှ အင်အား အများအပြားဖြင့် ဝင်ရောက်စီးနှင်းမှုကြောင့် မိမိတို့မှ ဝင်ရောက်ကူညီနိုင်ခြင်းမရှိခဲ့ပါ။ နောက်နေ့ မတ်လ (၁၂) နေ့လည် အချိန်မှသာ ကျေးရွာအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပြီး ယခုဖြစ်စဉ်ကို မှတ်တမ်းရယူနိုင်ခဲ့သည်။ ပျောက်ဆုံးသူ (၃၀) ဦးအနက် သေဆုံးသူများ၏ အလောင်း (၂၈) လောင်းကို တွေ့ရှိခဲ့ရပါသည်။

သေဆုံးသူ၏ အလောင်းများကို KNDF မှ သယ်ထုတ်နိုင်ခဲ့ပြီး သက်ဆိုင်ရာ ရဲဌာနနှင့် ဆေးမှုခင်းများကို ဆက်လက်စစ်ဆေးမှု ပြုလုပ်သွားမည်။ ထို့အတူ သက်ဆိုင်ရာ မိသားစုများကိုလည်း လုံခြုံစိတ်ချသောနေရာ၌ ဘာသာရေးအရ ဆောင်ရွက်သင့်သည်များ ကို ဆက်လက်ဆောင်ရွက်နိုင်ရန် ကူညီသွားပါမည်ဟု ဖော်ပြခဲ့သည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီမီဒီယာအချို့နှင့် ပအိုဝ်းဒေသခံအချို့မှလည်း မတူညီသော ဖော်ပြချက်အချို့တွေ့ရလျက်ရှိပြီး ၎င်းသတ်ဖြတ်မှုသည် KNDF မှ ကျူးလွန်ခြင်းဖြစ်သည်ဟု အပြန်အလှန် စွပ်စွဲပြောဆိုမှုများလည်း တွေ့ရသည်။

photo credit & original uploader